ညိုမောင်တို့ဆီကရခဲ့တဲ့ နွားတွေကို နွားခြံထဲထည့် နွားစာတွေစဉ်း ညဘက် ခြင်တွေမှဲ့တွေကိုက်မှာစိုးတာကြောင့် မှိုင်းတိုက်နှင့် ထို့နေ့တညနေလုံး မောင်ထွေးနှင့်မောင်အေးမအားခဲ့ပေ။အိမ်အရင်ပြန်သွားသည့် ဆရာလည်းညစာဘယ်လိုစားလိုက်သည်မသိ အချိန်ကုန်မှန်းမသိကုန်သွားတာ ညနေ နေဝင်ရီတရောအချိန်ပင်ကျော်နေလေပီ ။မောင်အေးလည်း မိမိအားလာကူညီသော မောင်ထွေးအား
"ကိုမောင်ထွေး အချိန်လည်းအတော်လင့်လှပီ ပြန်တော့လေဗျာ ကျွန်တော်တစ်ယောက်တည်းအဆင်ပြေပါတယ်"
"ရပါတယ်ဗျာ ကူညီပါရစေ ပီးမှပြန်မယ် မပီးလည်း ဒီမှာဘဲ ပုဆိုးခြုံပီးကွေးလိုက်တော့မယ် "
"ဟာမဟုတ်တာ အိမ်လိုက်ခဲ့ပေါ့ဗျ အခုလည်းပီးတန်သလောက် ပီးနေပါပီရော အမှတ်အသားမှတ်ဖို့ဘဲ ကျန်တော့တာပါ့"
"ဟုတ်သားမေ့နာ ကျုပ်ကူပါ့မယ် "
"အာ့ဆို ကျွန်တော်ပြမယ် ဒီလာ "
မောင်အေးအပြောကို အိုးမလုံသောမောင်ထွေးခင်မျာ
"ဗျာ "
မျက်လုံးအပြူးသားနှင့် မောင်အေးကိုကြည့်နေသော မောင်ထွေးကြောင့်
"ဘာထင်နေတာတုန်းဗျ အမှတ်အသားမှတ်တာပြောနေတာ လာကြည့်လှည့် "
"အော် တော်ပါသေးရဲ့ လာပီ လာပီ"
ထို့နောက် မြို့အုပ်မင်းထင်ပြောသည့်အတိုင်း အမှတ်အသားမှတ်ကြလေသည် ။ထွေထွေထူးထူးရယ်တော့ မဟုတ်ပေ ဘာဆေးလည်းမသိ မြို့ကမှာတဲ့ဆေးတစ်မျိုးကို နားရွက်နှစ်ဖက်၌အကုန် လိုက်သုတ်လိမ်းခြင်းပေ ပြောသေးသည်က ဘာနဲ့မှမပျက်တဲ့ အနောက်တိုင်းက မှင်ရည်တစ်မျိုးလို့လည်းပြောသေးသည်
(အပြင်မှာတကယ်ရှိမရှိတော့သာသာလည်း သိပ်မသိပါဘူးနော် တစ်စုံတစ်ရာမှားယွင်းခဲ့ရင်ကြိုတောင်းပန်ပါတယ်နော်)
အလုပ်များပီးစီးသောအခါ ဉာည့်လည်းအနည်းငယ် နက်နေပီမို့မောင်အေးနှင့်သာလိုက်လာခဲ့လိုက်တော့သည် ။လမ်း၌
"ကိုမောင်အေးက ကျုပ်ထက်ငယ်မယ်ထင်ပါ့"
"ပေါက်ကရကပြောရော့မယ် ကျွန်တော်အသက်ကဖြင့် ဒီနှစ် တန်ဆောင်တိုင်လပြည့်ဆို နှစ်ဆယ့်နှင့်မရှစ်ပြည့်ပီဗျာ"
YOU ARE READING
မြို့အုပ်မင်းရဲ့ဝလုံးလေး
Romanceမြို့အုပ်ကြီးရဲ့သဲမှုကဲမှုအဖြာဖြာကို ဖတ်ရှုပေးကြပါဦးလို့