မင်းထင်နဲ့ လုံးလုံး ဘုရားပြန်လာတဲ့လမ်းတစ်လျှောက်...
"ဒါနဲ့ ခင်များက မြို့ကိုဘယ်တော့သွားမှာလဲ "
"ကိုယ်လား လိုပါသေးတယ် နှစ်ပတ်လောက် ဘာလို့လဲ"
"အဲ့က သမားတော်တွေကဈေးကြီးလား "
"ထင်သလောက်လည်း မကြီးပါဘူး ဘာလို့လဲ"
"ဟိုလေ တစ်မျိုးတော့မထင်ပါနဲ့ဗျာ အမေ့ရောဂါကိုလေ မြို့ပေါ်လိုက်ပီး ကုချင်လို့ပါ အမေကမလိုက်လောက်ပေမယ့် နားချဖြောင်းဖျပီး....."
"စရိတ်စခတော့ မပူပါနဲ့ကိုယ်လည်းတတ်နိုင်သလောက်ကူညီပါရစေ နားချတာတော့ ခင်များလေးဘဲပြောကြည့် မရတော့ ကိုယ်လာပြောပေးပါ့မယ် မပူနဲ့ ဟုတ်ပီလား"
"ရပါတယ် ကျုပ်မှာစုထားတဲ့ငွေလေးရှိပါရဲ့ နေရာထိုင်ခင်းစီစဉ်ပေးမယ် ဆိုတာတောင်များလှပီ "
"ကဲပါ အာ့တွေတွေးမနေနဲ့ အရေးကြီးတာအခု အမေ့ကိုသေချာဖြောင်းဖြနားချနိုင်ဖို့ဘဲ ဟုတ်သလား"
"ဟုတ်တယ်နော် ဒါနဲ့မေးစရာရှိလို့ "
"ကဲ မေးစေဗျာ"
"စကားအကောင်းပြောမလို့ကိုဖောက်လာပြန်ပီ"
"မဖောက်ရပါဘူးကွာ မေးလေ ဘာမေးမို့လဲ"
"ခင်များရွာကို ဘာအရေးကြောင့်လာတာလဲ သိလို့ရလား"
"အင်း ပြောပြလို့တော့ရတယ် ဒါပေမယ့် ဒီကိစ္စကဘယ်သူမှသိလို့မရတဲ့အကြောင်းအရာဖြစ်နေတော့ကား ....."
"အဲ့တော့ပြောပြရတာလား မရတာလား ကျုပ်ကူညီနိုင်တာရှိရင်ကူညီရအောင်လို့ပါမေးတာ"
"အဲ့ကိစ္စက ကိုယ့်ရဲ့ အနီးကပ်ဆုံးရှိတဲ့လူမှသိလို့ရမှာ ဥပမာ- အိမ်သူဖြစ်ဖြစ် အိမ်သားဖြစ်ဖြစ်ပေါ့"
"အာ့ဆို ခုနက ခင်များအိမ်မှာမှာနေတဲ့ ဟိုလူကြီးကရော "
"အော် သူက ကိုယ်အိမ်က အိမ်တော်ထိန်းထးလည်းဟုတ်တယ် ဘဏ္ဍာထိန်းလည်းဟုတယ် ပီးတော့ ကိုယ်နဲ့အနီးကပ်နေရတဲ့လူလည်းဟုတယ်လေ ခင်များလေးကကြတော့...."
"ဟာ...မပြောပြရင်လည်းနေတော့ဗျာ ဒါလေးသိရဖို့အရေး သူအိမ်ဘဲလိုက်နေရမလိုနဲ့ မဖြေနဲ့ "
YOU ARE READING
မြို့အုပ်မင်းရဲ့ဝလုံးလေး
Romanceမြို့အုပ်ကြီးရဲ့သဲမှုကဲမှုအဖြာဖြာကို ဖတ်ရှုပေးကြပါဦးလို့