လုရန် ရှရှ နှဖူးကို ထိရုံလေးနမ်းလိုက်ကာ ပြန်ခွါလိုက်လေသည်
ရှရှ လုရန်ကို မျက်လုံးပြူးပီး မလှုပ်မရပ်ကြည့်နေတာကြောင့် လုရန် ရီချင်လေတော့သည်
လုရန် ရှရှ ခေါင်းလေးကိုပုတ်လိုက်ကာ...
"ဘာမှမလုပ်တော့ဘူး ဆက်ကြည့်တော့"ဟုဆိုကာ လုရန်ကသူ့နေရာမှာ သူပြန်သွားထိုင်ကာ အလုပ်လုပ်နေသည်သူကသာ ဘာမှမဖစ်ခဲ့သလိုနဲ့ အလုပ်ဆက်လုပ်နေသော်လည်း ရှရှမှာတော့ ရုပ်ရှင်မကြည့်နိုင်တော့ဘဲ ရင်တွေအရမ်းခုန်နေသည်
-
-
-
ညရောက်တော့ လုရန် ရှရှကို တမင်ဂျပန်စာ သူစားချင်တယ်ဟုဆိုကာ ဂျပန်စားသောက်ဆိုင်ခေါ်လာလေသည်သူမက သူမကြိုက်တဲ့အစားအစာကိုစားနေရတဲ့အချိန်ဆို ပြုံးနေတက်သည်
ပြုံးနေတာ မျက်ခုံးလေးတွေပါကွေးနေတာကြောင့် လုရန်ဆီလည်း အပြုံးတွေကူးစက်လာကာ စားနေတဲ့အစားအစာတောင် ပုံမှန်စားနေကျထက် အရသာပိုရှိတယ်လို့ပင်ခံစားရလေသည်
ရှရှ အစားမရွေးဘူး ဘာမဆိုစားတယ်ဆိုတာကို လုရန်သိလေသည်
ဒါပေမဲ့ သူမက အပြင်မှာစားတာရှားပီး ကန်တင်းနဲ့ အိမ်မှာစားဖစ်တာများလေသည်
ရှရှ စားပျော်နေတာကိုကြည့်ပီး နောက်ကျရင် စားလို့ကောင်းတဲ့နေရာတွေကို များများခေါ်သွားဖို့လုရန်တွေးလိုက်လေသည်
New yearညဖစ်တာကြောင့် ကုန်တိုက်ရဲ့ဆိုင်တွေမှာ activity တွေလုပ်နေကြပီး လူတွေနဲ့စည်ကားနေလေသည်
ရုပ်ရှင်စချိန်လိုသေးတာကြောင့် လုရန် ရှရှကိုခေါ်ပီး တဆိုင်ဝင် တဆိုင်ထွက်နဲ့ လျှောက်ပတ်နေလေသည်
ရှရှ အရင်နေ့တွေတုန်းက အချိန်ပိုကြေးရထားတာလေးတွေရှိတာကြောင့် ဒီတခါတော့ သူမလိုချင်နေတဲ့နှုတ်ခမ်းနီကိုဝယ်ဖို့ ဆုံးဖြတ်လိုက်ကာ အရောင်စမ်းဆိုးနေလေသည်
ဆိုးပီးတော့ လုရန်ဘက်ကိုလှည့်လိုက်ကာ...
"လှလား"လုရန် ရှရှကိုကြည့်လိုက်ကာ...
"လှတယ်" ဆိုပီးခေါင်းငြိမ့်ပြလိုက်ကာ ဝန်ထမ်းဘက်ကိုလှည့်ပီး...
YOU ARE READING
Dear uncle doctor🩺(Complete)
Romance*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...