🩺Dear uncle doctor(အပိုင်း-၂၉)🩺

228 10 0
                                    

၂ယောက်သား အပြင်ထွက်ဖို့ပြင်ဆင်ပီးနောက် ရှရှ ဖုန်းကိုထပ်ကြည့်လိုက်ကာ...
"ထူးဆန်းလိုက်တာ ရှောင်ရှီးခုထိစာမပြန်သေးဘူးရော"

လုရန် ရှရှပြောတာကိုကြားပီးနောက် ရုတ်တရက်ရပ်သွားကာ...
"သူလုပ်စရာရှိလို့နေမှာပေါ့ ထားလိုက်ပါ သွားကြရအောင်"

"ဒါပေမယ့် မနေ့ကသူမနက်ပိုင်းကတည်းကပြန်သွားတာလေ ရှရှဆီလာပီးတော့တောင် ကြွားသွားသေးတဲ့ဟာကို ဘယ်ရောက်သွားတာပါလိမ့်"

လုရန် တံခါးဖွငိ့လိုက်တဲ့အချိန် အရှေ့အိမ်ကတံခါးကလည်းဖွင့်ကာ ချင်းရွယ်နဲ့ ချန်ရှောင်ရှီးထွက်လာတာမြင်လိုက်ရတာကြောင့် လုရန် တံခါးဝမှာတင်ရပ်လိုက်လေသည်

ရှရှ ရုတ်တရက် လုရန်ရှေ့ဆက်မသွားတော့ဘဲ ရပ်လိုက်တာကြောင့် ဘာဖစ်လို့လဲဟုသိချင်ကာ ခေါငိးကိုထုတ်ပီးကြည့်လိုက်တော့မှ ချင်းရွယ်နဲ့ရှောင်ရှီးကိုမြင်ကာ အံ့ဩသွားလေသည်

၄ယောက်သား မျက်စိချင်း စကားပြောနေရင်းနဲ့မှ ရှောင်ရှီးကနေစပီး စကားစပြောလိုက်လေသည်

"ယွမ်ရှ နင်တော်တော်သတ္တိရှိနေပီပေါ့လေ အိမ်တောင်ပြန်မအိပ်ဘူး"

လုရန် ရှရှကို အနောက်ကိုပို့လိုက်ကာ ရှောင်ရှီးကို ပေးမပြောပေ

လုရန် ချင်းရွယ်ကိုကြည့်လိုက်ကာ စောစောထနိုင်သေးတယ်ဆိုတော့ ညက အဲ့လောက်မကြမ်းဘူးထင်တယ်

ရှရှလည်း ရှေ့က၂ယောက်ကိုပြူးကြည့်နေရင်းမှ မနေ့က လုရန်ပြန်လာပီး ရှေ့အိမ်က အဆင်မပြေဘူးပြောတာကိုသတိရသွားကာ အော် ရှောင်ရှီးစာမပို့နိုင်တာ တကယ်တော့ ညကမအားလို့ဆိုတာကို ရှရှ နားလည်သွားလေတော့သည်

တယောက်နဲ့တယောက် မျက်စိချင်းစစ်တိုက်နေတုန်းဓာတ်လှေကားတံခါးပွင့်သွားကာ ချန်ရှောင်ထွက်လာတော့ ၄ယောက်သားတဖက် ၂ယောက်စီရပ်နေတာတွေ့တာကြောင့် ညဆိုင်းဆင်းပီးပြန်လာတဲ့ကိူယ့်ကိုသနားသွားလေတော့သည်

ရှရှနဲ့ လုရန်က မျက်မမြင်ကျောင်းသွားကာ ချင်းရွယ်နဲ့ ချန်ရှောင်ရှီးက ဆေးရုံပြန်ရမှာကြောင့် ၄ယောက်သားဓာတ်လှေကားတူတူစီးကာ ဓာတ်လှေကားထဲတွင် ရှရှနဲ့ရှောင်ရှီး ဘေးချင်းကပ်ရပ်ကာ စာပို့နေကြလေသည်

Dear uncle doctor🩺(Complete)Where stories live. Discover now