(16)

420 56 6
                                    

Unicode

(16)

ချိုးချိုးက မသိစိတ်ကနေ ပုန်းလိုက်ချင်ပေမယ့် သူ့နောက်ကမှန်က အလွတ်ကြီး၊ ကိုယ်ကို ဝှက်ထားစရာနေရာမရှိဘူး။

ရှောင်လိက သူ့ကိုတွေ့တော့ မျက်လုံးတွေက ချက်ချင်းနီရဲလာတယ်။

ဒီလို မျက်ရည်လွယ်ပုံမျိုးနဲ့ဆို ဇာတ်ညွှန်းမရေးဘဲ မင်းသမီးလုပ်စားရမှာ။ အရည်အချင်းကိုဖြုန်းတီးပစ်ရာကျတယ်။

ရှောင်လိက လက်ထဲက အားပေးပစ္စည်းတွေကိုပစ်ချပြီး ခြေသုံးလှမ်းနဲ့ မှန်နားဆီအရောက်ပြေးလာရင်း ရှေ့မှာလာရပ်တယ်။ သူမဝတ်ထားတဲ့ ပန်းရောင်ဆင်တူတီရှပ်မှာ ချိုးချိုးရဲ့ ID ဓါတ်ပုံကို ရိုက်နှိပ်ထားတယ်။ ဒီဇိုင်းက ဒါကလွဲပြီး ရိုးရိုးရှင်းရှင်းပဲ ကျန်တာမပါဘူး။

သူမက ချိုးချိုးကို ဖင်ပြန်ခေါင်းပြန် သေချာကြည့်နေတယ်။ မိတ်ကပ်ကြောင့်လား အဝတ်အစားကြောင့်လား မသိရပေမယ့် ဒီကောင်လေးက သူမမျက်လုံးထဲမှာ အရမ်းစိမ်းသက်ပုံပေါက်နေတာလေ။

သူက သူမကိုချော့ခဲ့ဖူးတဲ့၊ သူမကိုလက်ဆောင်လေးတွေ ဝယ်ပေးခဲ့ဖူးတဲ့ နူးညံ့တဲ့အစ်ကိုကြီး မဟုတ်တော့သလိုပါပဲ၊ အဲ့အစား... တက်သစ်စအိုင်ဒေါတစ်ယောက်နဲ့တူနေတယ်။

ချိုးချိုးက အစောကြီးကတည်းက သူမရဲ့အကြောင်းတွေကို မကြားတော့ပါဘူး။

လမ်းခွဲပြီးနောက်မှာ သူတို့တွေ ပြဒါးတစ်လမ်းသံတစ်လမ်း ဖြစ်သွားခဲ့ပြီလို့ တွေးခဲ့တယ်။ အခုလိုမျိုး ပက်ပင်းလာတိုးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ဒါပေမယ့် စဉ်းစားကြည့်တော့လည်း ဟုတ်နေတယ်။ ဆီမီးဖိုင်နယ်ပွဲရဲ့ သတင်းတွေကို အင်တာနက်မှာတင်ထားတယ်၊ ကျောင်းဖိုရမ်ပေါ်မှာ လူအများကြီးက ဒါကိုပြောကြတယ်၊ သူမက လိုင်းသုံးရတာဒီလောက်ကြိုက်မှတော့ သိနေမှာသေချာတယ်။

ရှောင်လိက တစ်ခုခုပြောလိုက်တယ်။ ဒါပေမယ့် မှန်နံရံကြီးရဲ့ အသံလုံချက်က တအားကောင်းတော့ တစ်ယောက်ပြောစကားကို တစ်ယောက်ကမကြားရဘူး။

ဒါကြောင့် သူတို့က မျက်နှာချင်းဆိုင်ရပ်ပြီး ဖုန်းနဲ့ပြောကြတယ်။

သခင်ကြီးရဲ့အသည်းတုံးလေးWhere stories live. Discover now