(11)

717 118 5
                                    

Unicode

(11)

အခုခေတ်မှာ ဘယ်အရာက ငွေရှာလို့လွယ်လဲ။

အိမ်ခြံမြေလုပ်ငန်းက ငွေရှာရလွယ်ပါတယ်။ ဆေးဝါးလုပ်ငန်းကလည်း ငွေရှာလို့လွယ်သလို၊ အနုပညာလောကကလည်း ငွေရှာလို့လွယ်တယ်။ အမျိုးသမီးနဲ့ကလေးပစ္စည်းတွေဆီကနေလည်း ငွေရှာရလွယ်ပါတယ်။

အန်းလွေ့လုပ်ငန်းစုရဲ့ ငွေသယ့်ယူနည်းက အမျိုးသမီးနဲ့ကလေးထုတ်ကုန်တွေဆီက ဖြစ်တယ်။

ဖုလွေ့အန်းက အခြေခံအားဖြင့် "ကိုယ့်အားကိုယ်ကိုးစီးပွားတိုး" ဆိုတဲ့ အမျိုးအစားထဲမှာ ပါတယ်။ သူ့မိသားစုဆိုတဲ့လူတွေက သူ့ကို လက်တစ်ဖက်တောင် ကမ်းမပေးချင်ခဲ့ကြသလို ခြေထောက်ကိုပါ နောက်ပြန်ဆွဲထားကြတဲ့ဟာတွေပါ။

လွန်ခဲ့တဲ့နှစ်တွေမှာ ဖုအိမ်ရဲ့ချမ်းသာချက်က ပက်စက်တယ်လို့ ပြောလို့ရတယ်။

ဒါပေမယ့် ဖုလွေ့အန်းကို တရားမဝင်ကလေး၊ သူ့အဖေရဲ့ဟိုဟာသရမ်းမှုကနေ ထွက်လာတဲ့ထုတ်ကုန်အဖြစ် ဘယ်သူက သတ်မှတ်ပေးလိုက်လဲ။

အိမ်တော်သခင်ရဲ့ခြေကန်ချက်တစ်ချက်မှာ ဖုလွေ့အန်းက အမွေလေးမစို့မပို့နဲ့ အိမ်ကနေရှင်းထုတ်ခံလိုက်ရတယ်။

သူက အဲ့ငွေလေးကို လက်ထဲမှာပိုက်ပြီး ရှော့ပင်းမောတွေထဲ သွေးအလိမ်းလိမ်းထွက်အောင် ခေါင်းနဲ့တိုက်ခဲ့ပြီးမှ နာမည်လေးတစ်ခု ရလာခဲ့တယ်။ အတိုက်အခိုက်တွေကြားကနေ အလှကုန်နဲ့အဝတ်အထည်လုပ်ငန်းကို စခဲ့ပြီး သိပ်မကြာခင်မှာပဲ မိခင်အသုံးအဆောင် ကလေးအသုံးအဆောင် မွေးကင်းစကလေးအသုံးအဆောင်တွေဘက်ကို ချဲ့ထွင်ခဲ့ပြီး နာမည်ကြီးထုတ်ကုန်တစ်ခု ဖြစ်လာခဲ့တယ်။

အထင်သေးတဲ့လူတချို့က သူ့ကို အမျိုးသမီးလစဉ်သုံးပစ္စည်းနဲ့ သေးခံတွေရောင်းပြီး ကြီးပွားလာတဲ့လူလို့ပြောဆိုကြတယ်။ ဒါပေမယ့် ဖုလွေ့အန်းက တစ်ချက်ပဲရယ်ခဲ့ပြီး ချက်ကောင်းကိုစောင့်ကာ အဲ့လိုပြောတဲ့လူတွေကို ဒေဝါလီခံစေခဲ့တယ်။

မနက်တိုင်းအိပ်ယာကနိုးချိန်မှာ ဖုလွေ့အန်းက မှန်ထဲကိုကြည့်လိုက်တိုင်း သူ့စကားသူတည်တဲ့ အထက်စီးဆန်ဆန်ဥက္ကဌတစ်ယောက်ကို မြင်ရတယ်။

သခင်ကြီးရဲ့အသည်းတုံးလေးWhere stories live. Discover now