Unicode
(4)
ချိုးချိုးက ဘာကိုမှသိပ်မကြောက်တတ်တာများတယ်။ ဒါပေမယ့် သူ့အမေက ချွင်းချက်ဆို ရှောင်လိက နောက်တစ်မျိုးပါ။
လမ်းခွဲပြီးနောက်မှာ ရှောင်လိအကျင့်က ပိုဆိုးလာတယ်။ ရေကန်ထဲခုန်ချတာတောင် သူ့စိတ်ကိုမပြောင်းနိုင်တာတွေ့တော့ သူမက ကျောင်းဖိုရမ်ပေါ်မှာ ပို့စ်အတွဲလိုက်တင်ပါတော့တယ် [ချိုးချိုးနှင့် သူ၏အပြစ် နံပါတ်တစ် နှစ် သုံး လေး ငါး ခြောက် ခွန် ရှစ်]
ချိုးချိုးက ဖိုရမ်ပေါ် သိပ်တက်လေ့မရှိတော့ တစ်လကြာတဲ့အထိ သူ့ရဲ့ မိုးကောင်းကင်ကြီးကိုစိန်ခေါ်နိုင်တဲ့ ကောက်ကျစ်စဉ်းလဲတဲ့အပြစ်တွေကို မသိရှိခဲ့ဘူး။ သူ အသက်(၂၁)နှစ်အထိ အေးအေးလူလူအသက်ရှင်လာနိုင်တာက မိုးနတ်မင်းမျက်လုံးကန်းနေတာကြောင့်လို့ ဝေဖန်ကြသေးပေါ့လေ။
ဒါကြောင့် အခု ရှောင်လိဖုန်းခေါ်တိုင်းမှာ ချိုးချိုးက သူ့ဖုန်းကို ပေါက်ကွဲတော့မယ့်ဗုံးတစ်လုံးလို ကိုင်ထားပြီး သူရဲကောင်းဆန်ဆန်သေဖို့ အသင့်ပြင်ထားတယ်။
ဖုလွေ့အန်းက ချိုးချိုးရဲ့ကြောက်လန့်နေတဲ့ပုံပန်းကို သည်းမခံနိုင်ဘူး။ သူက ဖုန်းကိုလုပြီး ဆွဲပိတ်ပစ်လိုက်တယ်။
"ကောင်မလေးတစ်ယောက်ကြောင့် မင်းက ဒီလောက်ဖင်တုန်နေစရာလား" ဖုလွေ့အန်းကဆူတယ်။
သူ့စကားတွေတောင်မဆုံးသေးဘူး၊ ရှောင်လိက ထပ်ခေါ်ပြန်ရော။ ဖုန်းသံက ငှက်ဆိုးထိုးသံအလားပဲ၊ ဖုလွေ့အန်းက နားကြားပြင်းကပ်လာတယ်။ သူက ဒီကိစ္စကိုအပြတ်ဖြတ်မယ်ဆိုပြီး ဖုန်းကို တခါတည်းလက်ခံလိုက်တယ်။
ဖုန်းကချိတ်ချိတ်သွားချင်းပဲ ရှောင်လိက အသံဗြဲကြီးနဲ့ အရင်အော်တယ် "ချိုး ချိုး နင်က ငါ့ဖုန်းကို ချရဲတာလား ဟုတ်လား!"
လေသံက သူတို့တွေဒိတ်နေသေးတဲ့အတိုင်းပဲ။
ဖုလွေ့အန်းက အာဏာပြရတာကို အံတိုနေပြီးသား။ သူက ပထမဦးဆုံးချိုးချိုးကိုတွေ့တဲ့ အခိုက်မှာကတည်းက ဒီပျားရည်အိုးလေးကို သူ့လွှမ်းမိုးမှုအောက်ထဲ ချက်ချင်းဆွဲသွင်းလိုက်ပြီးသား။ ရှောင်လိဆိုတဲ့ ချိုးချိုးရည်းစားဟောင်းက သူ့မျက်စိထဲစိုက်နေတဲ့မျက်တောင်မွေး။