(8)

1K 139 7
                                    

Unicode

(8)

ချိုးချိုးရဲ့အောင်မြင်မှုကြီးက ရှောင်လိ လက်ခံနိုင်စွမ်းထက်ကို လွန်သွားခဲ့တယ်။ သူမ ချိုးချိုးကို စင်ပေါ်တက်ပြီး 《သိုးကလေး》ဆိုခိုင်းရတဲ့ အကြောင်းရင်းကိုက အရှက်ခွဲဖို့ပဲလေ။ ဒါကို သင်းက အရှက်မကွဲရုံတင်မကဘူး၊ နာမည်ပါကြီးသွားလိမ့်မယ်လို့ ဘယ်ထင်မိမှာလဲ!

ရှောင်လိက ရေးတေးတေးခံစားမိသွားခဲ့တယ်။ အခုအချိန်ကစပြီး ချိုးချိုးက သူမနဲ့ မသက်ဆိုင်တော့ဘူး၊ ကောင်မလေးတွေရဲ့ "ဝူရီ-အိုပါး-ချိုး" ဖြစ်သွားခဲ့ပြီလို့။

ဒါပေမယ့် သူမနှလုံးသားထဲ တခြားအသံတစ်ခုကလည်း ချိုးချိုးက သူမနဲ့ ဘယ်တုန်းကမှ မသက်ဆိုင်ခဲ့ပါဘူးလို့ ပြောနေခဲ့သေးတယ်။

သူမလက်ထဲကိုင်ထားတဲ့ ငွေစက္ကူတွေက သူမရဲ့အတွေးတွေကို လှောင်ပြောင်နေခဲ့တယ်။ သူမကိုယ်သူမတော့ ဇာတ်လမ်းတစ်ပုဒ်ရဲ့ ဇာတ်ဆောင်မင်းသမီးလို့ ထင်ခဲ့တာပါပဲ၊ ဒါပေမယ့် အဲ့ဒိဇာတ်လမ်းမှာ ဇာတ်ဆောင်မင်းသမီးကလွဲရင် ဘယ်သူမှမပါခဲ့တာတော့ စိတ်မကောင်းစရာပါပဲ။

...

ချိုးချိုးကလည်း တအားရှော့ရသွားခဲ့တယ်။ သူက အဆင့်တက်တဲ့ကတ်ပြားကို အခုမှမီးဖိုထဲကထုတ်လာတဲ့ အာလူးပူပူတစ်လုံးလို ကိုင်ထားတယ်။ ဘယ်နားထားလို့ ဘာလုပ်ရမှန်း သိမနေဘူး။

သူ စတိတ်စင်ပေါ်ကဆင်းလာတဲ့အချိန်မှာ သူ့အနားကို ကျောင်းသားတွေဝိုင်းအုံလာပြီး ချက်ချင်းလက်ငင်း အနုပညာရှင်ကြီးဖြစ်သွားတော့မယ့်အတိုင်း ကွန်ဂရက်ကျူလေးရှင်း လာလုပ်ကြတယ်။

ဝံကြီးက လူအုပ်ထဲကနေ မရမကတိုးထွက်လာရင်း ချိုးချိုးပုခုံးပေါ် ပုတ်လိုက်တယ် "ငချိုး! မင်း နာမည်ကြီးပြီးချမ်းသာသွားရင် ငါ့ကိုမေ့မသွားရဘူး!"

ဒါပေမယ့် ချိုးချိုးက နာမည်ကြီးပြီး ချမ်းသာဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။

အမှန်စင်စစ် သူ့မှာ ဘဝရည်မှန်းချက် များများစားစားမရှိခဲ့ဘူး။ အသက်(၁၈)နှစ်မှာ မိဘတွေရဲ့တိုက်တွန်းချက်ကြောင့် "ကျွန်တော့်အနာဂတ်" ဆိုတဲ့ အက်ဆေးတစ်ပုဒ်ရေးခဲ့ဖူးတယ်။ အက်ဆေးထဲမှာရေးခဲ့တာက တက္ကသိုလ်မှာကြိုးစားမယ်၊ သုတေသနစာတမ်းပြုစုမယ်၊ ဒေါက်တာဘွဲ့ယူမယ် ဒါပဲရယ် ...

သခင်ကြီးရဲ့အသည်းတုံးလေးWhere stories live. Discover now