(9)

777 117 8
                                    

Unicode

(9)

ဖုလွေ့အန်းက အချိန်သိပ်မရလို့ ခပ်သွက်သွက်စားပြီး ပြန်တော့မယ်ပြင်တယ်။

ချိုးချိုးက သူ့ကို ဒီတစ်ခါအလုပ်ခရီးက ဘယ်သွားမှာလဲလို့ မေးလိုက်တယ်။

ဖုလွေ့အန်းလား ... အေးအေးဆေးဆေးပြန်ဖြေမယ့်လူ..

သူက တမင်သက်သက် ကွေ့ဝိုက်ပြီးကို ပြန်မေးတာပါ "မင်းက ကိုယ့်ကို ဘလော့လိုက်ပြီးမှ ကိုယ်ဘယ်သွားလဲ သိချင်သေးတာလား"

ချိုးချိုးက သူ့အမှားသူသိတယ်လေ။ ဒါကြောင့် အကောင့်ထဲဝင်ပြီး ဘလော့ဖြည်ပေးလိုက်ရတယ်။

"ဖရန့် ပြန် add ရုံလောက်နဲ့တော့ မရဘူး"

တစ်လက်မရရင် တစ်မိုင်လောက်လိုချင်တဲ့ ဖုလော်ပန်မှာ တောင်းဆိုချက်တွေများတယ်။

"ကိုယ့်အကောင့်ကို ထိပ်ဆုံးမှာတင်ထား"

ပြီးတော့... ဒီလိုနဲ့ 'မွေးစားအဖေရဲ့ဒယ်ဒီ' က ချိုးချိုးရဲ့ဝီချက်မှာ ဖော်အဲဗား NO.1. ဖြစ်သွားလေတယ်။

အမှန်ပြောရရင် ဖုလွေ့အန်းရဲ့ဝီချက်နာမည်က တည်တည်ကြည်ကြည် ခန့်ခန့်ညားညားရှိတဲ့ 'ရိုင်ယန်' ဆိုတဲ့အင်္ဂလိပ်နာမည်တစ်လုံးတည်းပါ။

အဲ့ဒိပေါက်တတ်ကရစကားလုံးတွေက ချိုးချိုးက သူ့ဖာသာသူ စတန့်ထွင်ပြီးပေးထားတာလေ။

ဘယ်သူမှမမြင်အောင် ကောင်းကောင်းဖွက်ထားရင်တော့ ကိစ္စမရှိပါဘူး။ ဒါပေမယ့် ကံမကောင်းစွာပဲ ဖုလွေ့အန်းရဲ့သိမ်းငှက်မျက်စိက အရမ်းလျင်လွန်းတယ်။

".....မင်းက ကိုယ်နဲ့ စုံတွဲနာမည် ဆင်တူပေးထားတာလား"

"မဟုတ်ပါဘူး မဟုတ်ပါဘူး" ချိုးချိုးက ခြေတခါခါလက်တခါခါငြင်းတယ် "အဲ့ဒါကို ... သားအဖနာမည်.. လို့ သဘောထားလိုက်ပါ.. ကြည့်လေ ဘယ်လောက်ကာရံညီလဲ"

"......"

ချိုးချိုးရဲ့ ကျေပွန်လှတဲ့သားသမီးဝတ္တရားကြောင့် ဖုလွေ့အန်းက သူ့ဖုန်းကို ဆွဲထုတ်ပြီး ဒီရိုးအလွန်းတဲ့သားလေးရှေ့မှာပဲ သူ့ဖုန်းထဲကချိုးချိုးဝီချက်နာမည်ကို 'သားတော်မောင်' လို့ ပြောင်းလိုက်လေတယ်။

သခင်ကြီးရဲ့အသည်းတုံးလေးWhere stories live. Discover now