(7)

994 153 5
                                    

Unicode

(7)

ချိုးချိုးဆီက ဘလော့ခံရတာကို ဖုလွေ့အန်းသိသွားချိန်မှာ သူက သူ့အတွင်းရေးမှူးကို ဖုန်းခေါ်လိုက်တယ် "ချိုးချိုးနဲ့ရှောင်လိ ဘယ်နေရာမှာချိန်းထားလဲ ငါ့ကို သွားစုံစမ်းပေးစမ်း"

အတွင်းရေးမှူးက မျက်လုံးပြူးသွားပြီလေ "... ကျွန်တော်က ဘယ်လိုလုပ်သွားစုံစမ်းရမှာလဲ"

"လူရှာပြီး ရှောင်လိဖုန်းကို ခြေရာခံလိုက်လေ" ဖုလွေ့အန်းက ပြောတယ်။

".... ကျွန်တော်က ဘယ်လိုရှာ..."

ဖုလွေ့အန်းက စိတ်မရှည်တော့ဘူး "ဒီကိစ္စလေးကိုတောင် အောင်မြင်အောင်မလုပ်နိုင်ရင် မင်းကိုဘာလုပ်ဖို့ လိုတော့မှာလဲ၊ မင်း ဒီနေ့ အလုပ်ဆင်းစရာမလိုတော့ဘူး"

"..... သူဌေး .. ဒီနေ့က အလုပ်ပိတ်ရက်ပါ၊ အလုပ်ဆင်းစရာမလိုဘူး"

"အေး.. ဒါဆို အမြန်လာခဲ့၊ ဒီနေ့ အိုဗာတိုင်လာဆင်း"

"သူဌေး .. ကျွန်တော် အခု အမြန်သွားစုံစမ်းလိုက်ပါ့မယ်"

သူဌေးက သူ့အချစ်လေးနဲ့ သူ့အချစ်လေးရဲ့ရည်စားဟောင်း ဘာတွေပြောကြလဲ သိချင်နေတယ်။ ဒါက အတွင်းရေးမှူးကို ခွတီးခွကျဖြစ်အောင် လုပ်နေတယ်။

ဒီလိုလျှို့ဝှက်တွေ့ကြတာမျိုးက ဘယ်သူမှမသိအောင် တိတ်တိတ်လေးလုပ်ကြတာမျိုးမလား။ ဒါကြောင့် အတွင်းရေးမှူးက အကြံကုန်ထုတ်ရတယ်။

ကံကောင်းချင်တော့ ရှောင်လိက လိုင်းပေါ်တက်ကြွယ်ရတာကို ကြိုက်တယ်။ အသေးအမွှားလေးကအစ ရေးတင်တတ်တဲ့အပြင် အကောင့်တွေကိုဖွင့်ထားလို့ လူအကုန်လုံးမြင်ရတယ်။

အတွင်းရေးမှူးက ရှောင်လိရဲ့ ဝေဘို ဝီချက် ကျစ်ဟူး ရှိရှိသမျှပလက်ဖောင်းအကုန်က အကောင့်တွေကိုရှာတွေ့ပြီး အစဆွဲထုတ်ပြီး နောက်ဆုံးတော့ သဲလွန်စရသွားခဲ့တယ်။

မနေ့ညက ရှောင်လိက ကျစ်ဟူးအကောင့်မှာ ပို့စ်တင်မေးထားတယ်

《အသည်းနှလုံးမရှိတဲ့ ရုပ်ခပ်ချောချော လူယုတ်မာရည်စားဟောင်းက မနက်ဖြန်နေ့လည်ကျရင် ကျောင်းဝင်းထဲကပန်းခြံမှာ တွေ့ချင်တယ်လို့ လာပြောနေတယ်၊ ဘာဝတ်သွားရင် သူ ရင်သပ်ရှုမောဖြစ်သွားလောက်လဲ》

သခင်ကြီးရဲ့အသည်းတုံးလေးWhere stories live. Discover now