Unicode
(3)
ဖုလွေ့အန်းက ဘာမှတုန့်ဆိုင်းမနေဘူး၊ ချိုးချိုးကိုကောက်မပြီး အိပ်ခန်းထဲ တန်းခေါ်သွားတယ်။
ချိုးချိုးက ယက်ကန်ယက်ကန်နဲ့ အတင်းရုန်းတယ်။ သူ အရင်ကလည်း တစ်ခါ ချီခေါ်ခံရဖူးတယ်။ ဒါပေမယ့် အဲ့ဒိတုန်းက သူ့ဒယ်ဒီက သူ့ကို နပန်းလုံး သင်ပေးချင်နေတာလို့ တွေးတာကြောင့် သူ့ဒယ်ဒီနဲ့သူ တက်တက်ကြွကြွ အိပ်ရာပေါ်မှာ နပန်းလုံးခဲ့ကြသေးတယ်။ အတွင်းရေးမှူးက သူ့ဒယ်ဒီကို အလုပ်ကိစ္စနဲ့လှမ်းခေါ်လိုက်တဲ့အထိပေါ့..
ဒါပေမယ့် အခုတော့ ဒီလိုမဟုတ်ဘူး။ ချိုးချိုးတစ်ယောက် ကောင်းကောင်းသိသွားပြီလေ။ ဒယ်ဒီက ပိုင်ရှင်တစ်ယောက်ရဲ့ရပိုင်ခွင့်ကို ဖြည့်ဆည်းရင်း သူနဲ့အုံးစက်ရာဆင်နွှဲချင်နေတာ!!
ဒါပေမယ့် သူ ဒယ်ဒီ့ကို လုပ်ခွင့်ပေးရမယ်လို့ တခါမှမစဉ်းစားဖူးဘူး။ သူတို့က အသက်တော်တော်ကွာတာလေ.. ဒယ်ဒီ အသက်နှစ်ဆယ်အရွယ်မှာ သူက သန္ဓေတည်ခါစ ဥလေးပဲရှိသေးတယ်..
မဟုတ်ဘူး.. မဟုတ်ဘူး.. ဒါကြီးကများလွန်းတယ်..
အရေးကြီးဆုံးဖြစ်တဲ့ သူတို့နှစ်ယောက်မှာ အခြေခံကျတဲ့ခံစားချက် နည်းနည်းလေးတောင် မရှိတာကို မပြောနဲ့တော့ပေါ့.. အား..
ကံကောင်းသွားတာက ချိုးချိုးက အရပ်(၁၇၈) စင်တီမီတာရှည်တယ်။ ခဏတဖြုတ်လောက်တော့ ဖုလွေ့အန်းက သူ့ကိုထိန်းမထားနိုင်ဘဲ တွန်းထိုးကန်ကျောက်ခံရတယ်။
အစက ဖုလွေ့အန်းအိမ်ပြန်ရောက်လာချိန် အပြစ်ပြောစရာမရှိ သန့်ရှင်းသပ်ရပ်နေပေမယ့် အခု သူ့ပုံစံက ဆံပင်အဝတ်အစားဖရိုဖရဲဖြစ်လို့ လူယုတ်မာတစ်ယောက်နဲ့ တူသွားပြီ။
ဖုလွေ့အန်းက ချိုးချိုးရဲ့အသက်နှစ်ဆရှိတာကြောင့် သူ့ကိုအားမသန်ဘူးလို့တော့ မတွေးနဲ့ပေါ့။ သာမန်ဆို သူက လေ့ကျင့်ခန်းလုပ်တယ်။ နပန်းလုံးတဲ့အတွေ့အကြုံတောင်ရှိတယ်။
သူက ချိုးချိုးကို ထိခိုက်မိမှာစိုးလို့ ကိုယ့်ကိုကိုယ်ထိန်းနေတာပါ။ ဒါပေမယ့် တစ်ခါနှစ်ခါကနေ သုံးလေးငါးခါ အကန်ခံလာရတော့ သူလည်း ယုတ်မာချင်စိတ်တွေ ဆထက်တံပိုး တဟုန်ထိုးတက်သွားပြီလေ။