(12)

589 94 2
                                    

Unicode

(12)

"စူပါမျိုးဆက်သစ်တို့အသံ" ပရိုဂရမ်က ရွှေသခင်ကြီးရဲ့စပွန်ဆာနဲ့ နောက်ခံတောင့်တင်းသွားခဲ့တယ်လေ။ လက်ထောက်ဒါရိုက်တာက ချိုးချိုးကိုဖုန်းခေါ်ပြီး ပြင်ဆင်ထားခိုင်းတယ်။ လာမယ့်ပိတ်ရက်မှာ ဆီမီးဖိုင်နယ်ဝင်လာတဲ့ပြိုင်ပွဲဝင်တွေအကုန်လုံး ပရိုမိုးရှင်းဓါတ်ပုံရိုက်ကြရမှာ။

အခုအချိန်အထိ တရားဝင်ဝက်ဆိုက်ပေါ် တင်ထားတဲ့ဓါတ်ပုံတွေက ပြိုင်ပွဲဝင်တွေကိုယ်တိုင် ရိုက်ထားတဲ့ဟာတွေရယ်။

ဓါတ်ပုံတွေအကုန်လုံးက ပေါက်ပန်းလေးဆယ် ဗြောက်သောက်တွေချည်း... အသေအချာရိုက်ထားတဲ့ လှလှပပဓါတ်ပုံတွေပါသလို ဆက်ဆီကျတဲ့ပုံ၊ ရေကူးဝတ်စုံနဲ့ပုံ၊ အားကစားအင်္ကျီနဲ့ပုံတွေပါ ပါတယ်။

ချိုးချိုးပုံက သူတို့တွေထက် ပိုလို့တောင်ဆိုးသေးတယ်၊ သူက နှစ်လက်မဆိုဒ် ခေါင်းချည်းပဲပါတဲ့ IDဓါတ်ပုံကို ပေးထားတယ်လေ။

ဒါပေမယ့် ချိုးချိုးရဲ့မွေးရာပါအလှကို ဘယ်သူခံနိုင်ရိုးလဲ။ မိကျောင်းသားတစ်သိုက်ရဲ့ဓါတ်ပုံတွေကြားမှာ အပြာရောင်နောက်ခံနဲ့ ချိုးချိုးရဲ့ ID ဓါတ်ပုံက လူစိတ်ဝင်စားအခံရဆုံးပါ။

ဓါတ်ပုံထဲမှာ ချိုးချိုးရဲ့နှုတ်ခမ်းက ပြုံးနေပြီး မျက်ခုံးတန်းနှစ်ဖက်က ဖြောင့်စင်းနေကာ မျက်လုံးတွေက နွေဦးရဲ့ရောင်ခြည်တွေ တလက်လက်တောက်ပနေတယ်။

အစကတော့ ထုတ်လုပ်ရေးအဖွဲ့မှာ ဘတ်ဂျတ်များများစားစားမရှိဘူး။ အင်တာနက်ပေါ်က webpage ဆို အလွန့်အလွန်ရိုးရှင်းတယ်။ တရားဝင်ပေ့ချ်တောင်မှ streamingပလက်ဖောင်းနဲ့ တွဲချိတ်ထားတဲ့ ဒုတိယအဆင့်ဒိုမိန်း။ အသေးစိတ်မြင်ချင်တယ်ဆို အဓိကမိန်းဆိုက်ပေါ်က pop-up ကြော်ငြာကို ကလစ်တစ်ချက်နှိပ်ရတယ်။

ချိုးချိုးက ဒါကို ပထမဆုံးတွေ့လိုက်တုန်းကဆို လူတွေကိုမျှားခေါ်ပြီးလိမ်စားတဲ့ လူလိမ်ဝက်ဘ်ဆိုက်လို့ ထင်လိုက်သေးတာပါ။

ဒါပေမယ့် အခုအချိန်မှာတော့ အန်းလွေ့လုပ်ငန်းစုရဲ့ ကြီးမှူးတင်ဆက်မှုနဲ့တပြေးညီ ထုတ်လုပ်ရေးအဖွဲ့က ရုတ်တရက် အချိန်ပေါ ငွေပေါ လူပေါလာပြီး လှည့်ကွက်လေးတွေလုပ်နိုင်လာတယ်လေ။

သခင်ကြီးရဲ့အသည်းတုံးလေးWhere stories live. Discover now