(13)

516 95 3
                                    

Unicode

(13)

အဲ့ဒိ ရှစ်သောင်းရှစ်ထောင်ရှစ်ရာရှစ်ဆယ့်ရှစ်ကျပ်တန် ဆံပင်တုက ကွာလတီတော့ အတော်ကောင်းတယ်။ အနီးကပ်ကြည့်တာတောင် အတုလားအစစ်လား မပြောနိုင်ဘူး။

မိတ်ကပ်ဆရာမက သူ့ကို မိတ်ကပ်နှစ်ထပ်လိမ်းပေးပြီး မျက်ခုံးမွေးပါးပါးဆွဲပေးပြီးတဲ့အခါ ဘာထပ်လုပ်ပေးရမှန်း မသိတော့ဘူး။

ထူထဲနေတဲ့ မျက်တောင်တွေကိုကြည့်စမ်းပါဦး... အိုင်းလိုင်နာဆိုးပြီး ကော့ထားတာနဲ့တူတယ်။

အနီးကပ်မြင်ရတာက ပိုပြီးတော့တောင် လူတွေကိုအရှက်သည်းပြီး နှလုံးခုန်မြန်လာစေတယ်။

မိတ်ကပ်ဆရာမက သူ့မေးစေ့ကိုကိုင်လို့ အချိန်အကြာကြီး စူးစမ်းနေပေမယ့် ပြင်စရာနေရာရှာမတွေ့ဘူး။

အဆုံးမှာတော့ သူမက ရွေးစရာမရှိတော့ဘဲ ချီချီချီကိုလုပ်ပေးသလို နှုတ်ခမ်းနီကပျာကယာဆိုးပေးပြီး လွှတ်လိုက်တော့တယ်။

ချိုးချိုးက ပထမဦးဆုံးအကြိမ် မဂ္ဂဇင်းဓါတ်ပုံရိုက်ဖူးတာပါ။ သူက ကင်မရာရှေ့မှာ ခြေလက်တွေကို ဘယ်ထားရမှန်းမသိဘူး။ ပြိုင်ပွဲဝင်တွေထဲမှာ သူတစ်ယောက်ပဲ အင်္ကျီကို နည်းမှန်လမ်းမှန်နဲ့ ဝတ်ထားတဲ့လူရှိတယ်။ တီရှပ်အကြီးကြီးက သူ့ကိုယ်ပေါ်မှာ ပွယောင်းချောင်ကျနေပြီး မသိရင် ချိုးပါးပါးရဲ့အင်္ကျီ ခိုးဝတ်ထားသလိုဖြစ်နေတယ်။

ဒါတင်ဘယ်ဟုတ်ဦးမလဲ၊ သူက pose လည်းမပေးတတ်ဘူး။

မည်းနက်ပြောင်လက်နေတဲ့ ကင်မရာမှန်ဘီလူးက သူ့ဆီချိန်လိုက်တဲ့အခါ သူကလက်နှစ်ချောင်းထောင်ပြတာလွဲလို့ မလုပ်တတ်ဘူး။ ချီချီချီကတောင် သူ့ထက်ပိုတတ်ပါသေးတယ်။

ချိုးချိုးတစ်ယောက် တက္ကသိုလ်စတက်တုန်းကဆို လမ်းတွေ ဘယ်သိဦးမလဲ။ သူက လမ်းမကြီးရဲ့ အရှေ့ဘက်ထိပ်ကနေ ဟိုးအနောက်ဘက်ထိပ်အထိလျှောက်တယ်။

အဲ့လိုလျှောက်ပြီဆို လမ်းပေါ်ကလူတွေကိုရိုက်တဲ့ ကျပန်းဓါတ်ပုံဆရာတွေဆီကနေ တားခံရတာ အနည်းဆုံး (၈)ကြိမ်လောက်ကအသာလေးပဲ။

သခင်ကြီးရဲ့အသည်းတုံးလေးWhere stories live. Discover now