Unicode
(15)
"စူပါမျိုးဆက်သစ်တို့အသံ" ရဲ့ဖိုင်နယ်ပွဲနေ့ကို အစက သောကြာနေ့မှာစီစဉ်ထားပေမယ့် နှစ်ရက်ရွှေ့လိုက်လို့ တနင်္ဂနွေနေ့ဖြစ်သွားတယ်။ ဒါက ကြည့်ရှုနှုန်းကို အတိုင်းအတာတစ်ခုအထိ သက်ရောက်လာနိုင်ပေမယ့်... ပထမအချက်က ပြည်နယ်ဖိုင်နယ်ဖြစ်လို့ လူစိတ်ဝင်စားမှု သိပ်မရှိဘူး၊ ... ဒုတိယအချက်က အွန်လိုင်းကနေပြန်ပြလို့ရတယ်။
ဒါကြောင့် ထုတ်လုပ်ရေးအဖွဲ့က ထပ်ခါထပ်ခါဆွေးနွေးခဲ့ပြီး နောက်ဆုံးမှာ သဘောတူခဲ့လေတယ်။
စီစဉ်သူတွေကတော့ သိပ်သဘောမကျကြဘူး။ အကုန်လုံးကို လူသိရှင်ကြားလုပ်ထားပြီးပြီလေ။ ပြန်ပြင်ရရင် ဒုက္ခများတော့မှာ။
ခေါင်းဆောင်က ဒေါသထွက်ထွက်နဲ့ မြည်တွန်တောက်တီးပြီ
"အေး.. မင်းတို့မှာ သိန်း(၃၀၀) ရင်းနှီးနိုင်တဲ့အစွမ်းအစရှိရင် မင်းတို့မွေးနေ့မှာလုပ်ချင်လား ချက်ချင်းပြောင်းပေးမယ်"
သဘောမတူချင်လည်း တူရမှာပဲ။ အဲ့ဒါက သူတို့ဖေဖေ၊ သူတို့ကျေးဇူးရှင်၊ သူတို့ရွှေသခင်ကြီးလေ။ ငွေကစကားပြောတယ်။
ဖိုင်နယ်ပွဲအချိန်ဇယားအတည်ပြုပြီးတဲ့အချိန်မှာတော့ အဖွဲ့ခေါင်းဆောင်က အတွင်းရေးမှူးဆီ လေးလေးစားစားတင်ပြရင်း ဘာလို့အချိန်ပြောင်းတာလဲလို့ပါ အလိမ္မာနည်းနဲ့ ကပ်တိုးလေး တီးခေါက်လိုက်သေးတယ်။
အတွင်းရေးမှူးကလည်း မသိဘူးလေ။ မရေမရာပဲဖြေနိုင်တယ် "အထက်ကရည်ရွယ်ချက်ကို ဘယ်သူနားလည်မှာလဲ"
ရက်ပြောင်းရခြင်းအကြောင်းက ချိုးချိုးစာမေးပွဲထိခိုက်မှာစိုးလို့ဆိုတာ သိများသိရင်တော့လား၊ သူတို့အကုန်လုံး သွေးတပွက်ပွက်အန်လိမ့်မှာပဲ။
အပြည့်အဝလျှံထွက်နေတဲ့ယုံကြည်ချက်ကြောင့်လား ဒါမှမဟုတ် မဟားတရားအကောင်းမြင်တဲ့စိတ်ဓါတ်ကြောင့်လားတော့ မသိ၊ ချိုးချိုးနဲ့ဖုလွေ့အန်း နှစ်ယောက်စလုံးက ဆီမီးဖိုင်နယ်ကိုနိုင်မယ်လို့ သေချာနေခဲ့ကြတယ်။
ဘာပဲဖြစ်ဖြစ်ပါ.. ချိုးချိုးက ရုပ်လည်းချော၊ အရည်အချင်းလည်းရှိတာကြောင့် မနိုင်မှသာ တကယ်သံသယဝင်ဖို့ကောင်းနေမှာ။