ညစာ စားပီးသွားတော့ ရှရှ အဖျားကျဆေးသောက်ထားတာကြောင့် အဖျားလည်းကျသွားကာ လုရန်ကို အိမ်ပြန်ဖို့ပြောလေသည်
"မိုးချုပ်နေပီ ကိုကို အိမ်ပြန်တော့လေ"
လုရန် ရှရှကို အိပ်ခန်းထဲတွန်းသွားလိုက်ပီး...
"ရှရှ အိပ်တော့ ကိုယ်မပြန်ဘူး ဒီမှာပဲစောင့်နေပေးမယ်""စောင့်နေမယ်??? မရဘူးလေ အိမ်ကသေးတော့ကိုကိုနေဖို့ အခန်းအပိုလည်းမရှိဘူး"
"ကိုယ်ဒီမှာပဲထိုင်ပီးအဖော်ပြုပေးမယ်"
ရှရှလည်း လုရန်ကိုယုံတာကြောင့် ဘာမှမပြောတော့ဘဲ အိပ်ရာပေါ်လဲလိုက်တော့သည်
ရှရှ မျက်လုံးခဏမှိတ်ကာ ပြန်ဖွင့်လိုက်ပီး...
"အိပ်လို့မပျော်ဘူး တနေ့လုံးအိပ်ထားတာ ပြန်အိပ်လို့မရတော့ဘူး""အဲ့ဆို ကိူယ်နဲ့စကားပြောကြမယ်" ဟုဆိုကာ လုရန် ရှရှကို သူ့ရင်ခွင်ထဲမှာ မှီထိုင်ခိုင်းလိုက်ကာ...
"ကိုယ့်ကို ရှရှ ဒီနှစ်တွေအတွင်းမှာဖစ်ခဲ့တဲ့ကိစ္စတွေကို ပြောပြလို့ရလား"
ရှရှ သက်ပြင်းတချက်ချလိုက်ကာ ကြောက်စိတ်တွေပြန်ပေါ်လာတော့သည်
လုရန် ရှရှကို သနားကာ ပို၍တိုးဖက်လိုက်ပီးနောက် နဖူးပေါ်ကို တချက်နမ်းလိုက်သည်
လုရန် သူမအကြောင်းကို သိချင်ပေမယ့်လည်း သူမစိတ်မကောင်းဖစ်မှာကိုတော့ မလိုလားပေ
"ထန်စန်း သူ ရှရှကို အနိုင်ကျင့်စော်ကားဖို့ ကြံဖူးတယ်"
ရှရှ ပြောပီးနောက်ခေါင်းကိုငုံ့လိုက်ကာ..
"တော်သေးတယ် သူအကြံအစည်ကိုရိပ်မိလို့ ခေါင်းအုံးအောက်မှာဓားထည့်ထားတာ""ပီးတော့ အိမ်နေထွက်ပြေးလာပီး အဲ့ညရှောင်ရှီး အိမ်မှာတညအိပ်ပီးမှ သူနဲ့တူတူအတန်းပိုင်ဖစ်ခဲ့ဖူးတဲ့ ဆရာမဆီကိုသွားခဲ့တယ် ရန်ဆရာမကရှရှကိုသူနဲ့နေဖို့ခွင့်ပြုခဲ့တယ်
ဆရာမက ဖစ်ခဲ့တဲ့ကိစ္စတွေအကုန်လုံးကိုဖုံးကွယ်ထားပေးတယ်
ရှရှက အရွယ်ရောက်နေပီဖစ်တာမို့လို့ တယောက်တည်းနေလို့အဆင်ပြေပီဆိုပီးတော့လည်းပြောခဲ့တယ်
ကျောင်းတက်တော့ ကျောင်းလခအတွက် ချေးငွေယူပီးတက်ခဲ့တယ်
ပထမဆုံးတလနေထိုင်စားသောက်စရိတ်က ရန်
ဆရာမကကူညီပေးတယ်
အဲ့နောက် စာကြည့်တိုက်မှာ အချိန်ပိုင်းအလုပ်လုပ်ပီးတော့ kfcမှာလည်း ညပိုင်းအလုပ်လုပ်တယ် ပီးတော့ မူလတန်းကလေးကို စာသင်ပေးတယ် အဲ့ဒါတွေလုပ်ပီးတော့မှ ရန်ဆရာမဆီကနေ အထောက်အပံ့မယူတော့တာ
အမှန်တော့ ကျင်အန်းကိုမပြန်လာချင်ခဲ့ဘူး"
YOU ARE READING
Dear uncle doctor🩺(Complete)
Romance*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...