🩺Dear uncle doctor(အပိုင်း-၃၂)🩺

296 9 0
                                    

ရှရှ ထုံဆေးပေးပီးပီးချင်း ခွဲစိတ်ခန်းတံခါးပွင့်လာကာ လူတယောက်ဝင်လာလေသည်

မာဆရာဝန်လှည့်ကြည့်လိုက်တော့ လုရန်ဖစ်နေတာကြောင့် မျက်ခုံးတဖက်ပင့်လိုက်ကာ...
"လုရန် မင်းအဲ့လောက်စိတ်မချဖစ်နေရင်လည်း ဘာလို့ငါ့ကိုလုပ်ခိုင်းနေသေးတာလဲ"

ရှရှ ထုံဆေးကြောင့်လှုပ်လို့မရတော့ပေမယ့် မာဆရာဝန်ဆီက လုရန်လို့ကြားလိုက်တာကြောင့် လုရန်ဝင်လာမှန်းသိလိုက်သည်

ရှရှ လှုပ်လို့မရပေမယ့် ပါးစပ်က စကားပြောလို့ရသေးတာကြောင့်...
"လုဆရာဝန် ဘာလိုလုပ်ဝင်လာတာလဲ"

လုရန် ရှရှဘေးနားသွားလိုက်ကာ...
"ဘာမှလုပ်စရာမရှိတာနဲ့ လာကြည့်ကြည့်တာ"

ဘေးက nurseမလေးက အခြေအနေတွေကြည့်ပီး စပ်စုချင်တာနဲ့...
"လုဆရာဝန် ကောင်မလေးလား"

အရင်က သတင်းတွေကလည်း အခုထက်ထိထွက်နေတုန်းဖစ်ကာ အားလုံးက စိတ်ဝင်စားနေကြတာဖစ်သည်

တကူးတက မကြေညာတာက မကြေညာတာဖစ်ပေမယ့် တကူးတက လာမေးရင်တော့ လုရန် တမင်ငြင်းမှာမဟုတ်ပေ

လုရန် ရှရှကိုကြည့်လိုက်တော့ စိတ်လှုပ်ရှားနေကာ လက်အချင်းချင်းကိုင်ထားတာကြောင့် ရီလိုက်ကာ...
"အွန်း ကျေးဇူးပြုပီး ကျွန်တော့်ကောင်မလေးကို ထုံဆေးများများပေးပေးပါ သူကကြောက်တက်တယ်"

ဘေးမှ မာဆရာဝန်ကနေ...
"လုရန် လုရန် မင်းလည်း ဒီနေ့လိုအခြေအနေမျိုးရှိသေးတာပဲ ငါ့ရဲ့ခွဲခန်းထဲကိုလာပီးတော့ သကြားတွေလာကျွေးနေတာ မင်းငါ့ဆီက သဘောတူညီချက်ယူပီးပီမိူ့လို့လား"

စကားလည်းပြောပီးရော ရှရှလည်း လုပ်လို့ပီးကာ nurseမလေးက လာထူလေသည်

ရှရှ ကြည့်လိုက်တော့ အမြင်အာရုံလုံးဝကြည်သွားကာ စစဝင်လာချင်းတုန်းက အခြေအနေနဲ့လုံးဝ မတူတော့ပေ

"ဘယ်လိုနေလဲ အဆင်မပြေတဲ့နေရာရှိလား"
ရှရှ လုရန်ကိုခေါင်းခါပြလိုက်သည်

မာဆရာဝန် ရှရှ ကိုသူနားခေါ်တာ ထပ်စစ်ပေးလိုက်ရင်း...
"လုရန် လူနာကိူ ငါ့ရှေ့မှာတင် အဆင်ပြေလားမေးတာ မဟုတ်သေးဘူးနော် မင်းခုချက်ချင်း အခန်းထဲကနေထွက်တော့"

Dear uncle doctor🩺(Complete)Where stories live. Discover now