5(Unicode)

37 2 0
                                    

''ဒါဘာစာအုပ်လဲ...''

''ကွန်ဖြူးရှပ်ရဲ့အဆိုအမိန့်...''

''အဲ့တာယူခဲ့.....''

ထို့နောက်ခြေနှစ်လှမ်းထပ်လှမ်းပြီး

''ဒါကရော....''

''စစ်ရေးပရိယာရ်.....''

''ယူခဲ့.....''

သူ့လက်ထဲတွင်သူ့ခေါင်းထပ်မြင့်သောစာအုပ်များကိုသယ်ဆောင်ထားရလေသည်။ သို့သော်လည်းဦးရီးတော်က သတိထားမိသည့်ပုံမပေါ်ပေ။

''ဦးရီးတော်.....''

စာအုပ်ဖတ်စင်၏အနောက်မှထွက်လာက တရိုတသေ နှုတ်ဆက်ရှာသော မင်းသား၃။

''အာ.....ဟွမ်ကျောက်ရန်......''

 ဦးရီးတော်က မင်းသား၃ရဲ့နာမည်ကို စဥ်းစားနေပုံဖြင့်ရွတ်နေသည်။ ကြည့်ရတာမင်းသား၃လည်းသူ့လိုဘဲ နာမည်ရင်းခေါ်တဲ့အတွက်အနည်းငယ်စိတ်ထင့်သွားပုံပင်။

''ဟုတ်ပါတယ်ဦးရီးတော်....ခမည်းတော်က နာမည်နဲ့လူနဲ့တွဲဖို့ခက်ခဲတဲ့ဦးရီးတော်ကို.....နာမည်ရင်းကိုခေါ်ဖို့ခွင့်ပြုခဲ့တယ်လို့သိရပါတယ်.......ဦးရီးတော်.......မင်တိုင်းပြည်မှာနေရတာအဆင်ပြေပါရဲ့လား.... ''

မင်းသား၃ ဦးရီးတော်ကို မျက်နှာလုပ်ပြီးပြောဆိုနေပုံက ဆောင့်ကန်ချင်စဖွယ်ပင်။

''ငါတောင်မသိတဲ့သတင်းကိုမင်းကဘယ်လိုသိတာလဲ......''

မင်းသား၃က ယပ်တောင်နဲ့မျက်နှာတဝက်လောက်ကိုကာလိုက်ပြီးရယ်သွမ်းသွေးကာ

''လူတိုင်းက ညီတော့်လို အပျော်အပါးမက်နေတာမှမဟုတ်တာ......သိသင့်တာကိုသိရတာပေါ့......''

''မင်း......''

''ကျိန်းဝေ.....စာအုပ်တွေစားပွဲပေါ်သွားတင်ချေ.......''

သူ့ကိုကြည့်တောင်မကြည့်ဘဲပေးလာသည့်အမိန့်ကို  သူဒေါသထွက်ထွက်နှင့်ပင်လိုက်နာလိုက်သည်။

''ကျောက်ရန်.....ရန်...အာ..လို့...ခေါ်ကြတာများလား.......''

''အဲ့လိုခေါ်လို့ရပါတယ်ဦးရီးတော်.......''

ဦးရီးတော်ကခေါင်းအသာငြိမ့်လိုက်ပြီး

''နေရတာအဆင်ပြေပါတယ်....မင်တိုင်းပြည်ကလှပတယ်လေ......ရန်အာ......မင်းက မင်းရဲ့တိုင်းပြည်ကိုအလည်လာတဲ့သူလိုမျိုးဆက်ဆံနေတာဘဲ........မိသားစုလိုဘဲဆက်ဆံပါ.....''

The Secret Of Red Rose (Complete)Where stories live. Discover now