"ငါကိုချန်ရှောင်ကိုကူတွဲပီး အခန်းထဲလိုက်ပို့ပေးဦး"ဟုချင်းရွယ် လုရန်ကိုပြောလိုက်တာကြောင့် လုရန်မတ်တပ်ရပ်လိုက်ကာ မူးနေတာကြောင့် ယိုင်နေလေသည်
"တော်ပီ တော်ပီ ကြည့်ရတာ မင်းလည်းမူးနေပီ ရှရှ သူ့ကိုတွဲပီးခေါ်သွားလိုက်တော့ ဒီမှာငါပဲရှင်းလိုက်တော့မယ်"
ရှရှ လည်း အားမနာနေတော့ဘဲ လုရန်ကိုတွဲလိုက်ကာ ပါးစပ်ကနေလည်း...
"သောက်လည်းမသောက်နိုင်ဘဲနဲ့ ဘာလို့ဒီလောက်အများကြီးသောက်တာလဲ"လုရန် အိမ်ရှေ့ရောက်တော့ တံခါးဖွင့်လိုက်ကာ အထဲဝင်ပီးနောက် မီးတောင်မဖွင့်ရသေး လုရန် ရှရှကိုရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်ကာ ရှရှ နှုတ်ခမ်းကိုဖိကာနမ်းတော့သည်
အရင်က အနမ်းနဲ့မတူစွာ စစလာချင်းတည်းက အလျင်လိုကာနှုတ်ခမ်းကိုစုတ်ပီး ရုတ်တရက် လျှာကိုပါ အာခံတွင်းထဲ ကျူးကျော်လာတာကြောင့် ရှရှလန့်သွားကာ ခနာကိုယ်ကိုတောင့်ကာထားလေသည်
လုရန် ရှရှ လန့်သွားတာကိုခံစားမိတာကြောင့် ရပ်လိုက်ပီး ဖက်ထားတာလွတ်လိုက်ကာ နံရံဘက်ကိုမှီလိုက်လေသည်
"သောက်တာများသွားလို့နေရခက်တယ်"
"နေရခက်တာကို ဘာလို့အဲ့လောက်တောင်အများကြီးသောက်လဲ ဆရာဝန်ဖစ်ပီးတော့ အရက်ကိုမူးအောင်သောက်တယ်"
ရှရှ လုရန်ကိုယ်ကြီးကိုမနည်းတွဲကာ ပုခုံးပေါ်ခေါင်းတင်လိုက်ပီး မီးကိုဖွင့်လိုက်ကာ...
"ကိုကို့ ကိုအိပ်ခန်းထဲတွဲခေါ်သွားပေးမယ်နော်""မသွားဘူး" ရှရှ ရစ်နေတဲ့လုရန်ကိုကြည့်လိုက်ကာ..
"မသွားဘူးဆို ကိုယ့်ကို ဆိုဖာပေါ်မှာပဲနေတော့"ရှရှ လုရန်ကို ဆိုဖာရှိတဲ့ဘက်ကိုတွဲခေါ်သွားကာ ဆိုဖာပေါ်တင်လိုက်တုန်းရှိသေးသည် လုရန် သူမခါးကိုပါဆွဲဖက်လိုက်တာကြောင့် အရှိန်မထိန်းနိုင်ဘဲ သူ့အပေါ်ပြုတ်ကျသွားသည်
ရှရှ မထင်မှတ်ထားတာကြောင့် လုရန် ရင်ဘကိနဲ့တိုက်မိကာ မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့် လုရန်ကိုကြည့်နေသည်
YOU ARE READING
Dear uncle doctor🩺(Complete)
Romance*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...