🩺Dear uncle doctor(အပိုင်း-၃၆)🩺

252 10 0
                                    

"မနက်ဖန် ကိုယ် ဖိန်ဆရာဝန်နဲ့ခွဲခန်းရှိတာမို့ အဲ့တာပီးမှလာရင်နေ့လည်လောက်မှရောက်လောက်မှာ နက်ဖန် ဘယ်လောက်တောင်လှမှာမို့လို့လဲ"

"ရှောင်ရှီး လျှောက်ပြောနေတာ သတို့သမီးလောက် ဘယ်လိုလုပ်လှမှာလဲ ကိုကိုသာ လန်ဆရာဝန်ကို သတိပေးထားလိုက်ဦး တော်ကြာ နက်ဖန် သတို့သမီးကိုမြင်ပီး ပါးစပ်မပိတ်နိုင်ဘဲနေနေလိမ့်မယ်"

"ရှရှ ငါ့ရဲ့ ရည်းစားဟောင်းဘယ်ရောက်သွားတာလဲ" ဆိုပီးရှောင်ရှီး အခန်းထဲကအော်လိုက်သည်

"ခဏလေး... ကိုကို အဲ့ဆိုဒါပဲနော်"

လုရန် ဖုန်းမချခင်မနေနိုင်တော့တာကြောင့်မေးဖို့လုပ်ရသည်

ဟိုတယ်မှာ မိန်းကလေး၂ယောက်တည်း ဘာတွေလုပ်နေပါလိမ့်

"ရှရှ ခဏလေး ရည်းစားဟောင်းက ဘာကြီးလဲ"

ရှရှ ရီလိုက်ကာ
"ခစ်ခစ် mask နာမည်လေ"ဟုဆိုကာ ဖုန်းချသွားလေသည်

လုရန် မနိုင်ဘူးဆိုပီး ရီကာ ခေါင်းခါလိုက်လေသည်
-
-
-
လုရန် မနက် ခွဲခန်းပီးတာနဲ့ အမြန် မဂလာဆောင်ကိုလာခဲ့သည်

ချင်းရွယ်တို့ရွေးထားတဲ့ ဟိုတယ်က မဂလာဆောင်၃ပွဲရှိနေတာကြောင့် တလွှာမှာ သတို့သား သတို့သမီးပုံတာမထားထားရင် လာတဲ့ဧည့်သည်တွေ မှားနိုင်သည်

ချင်းရွယ်တို့က ၃လွှာမှာဖစ်တာကြောင့် ဓာတ်လှေကားထဲဝင်ကာ ၃လွှာကိုနိုပ်လိုက်သည်

ဓာတ်လှေကားပွင့်တာနဲ့ ခန်းမထိပ်မှာ ရှရှနဲ့ ချန်ရှောင်က ဧည့်သည်တွေကို တဖက်ဆီရပ်ကာ ကြိုဆိုနေကြသည်

ရှရှက ပန်းရောင်ဂါဝန်လေးဝတ်ထားပီး ရင်ဘက်မှာက ဖဲပြားလိုပုံစံလေးဖစ်ကာ ကြိုး၂ချောင်းက လည်ပင်းကနေချည်ထားသည်

ဂါဝန်က ရှုပ်ရှုပ်ရှက်ရှက်လိုမဖစ်နေဘဲ ရှင်းရှင်းလင်းနဲ့ကြည့်ကောင်းကာ ဆံတုံးလျော့လျော့လေးထုံးထားပီး ဆံထိုးထိုးထားတာကြောင့် ရှရှနဲ့ တော်တော်လှလေသည်

လုရန် ရှရှကိုအကြည့်မလွဲနိုင်ကာ ကြည့်နေရင်းနဲ့မှ မျက်နှာ ပျက်သွားလေသည်

Dear uncle doctor🩺(Complete)Where stories live. Discover now