''မမ.....ပြောတော့ဦးရီးတော်မရှိဘူးဆို......''
''အို....ငါလည်းသေချာအောင်လုပ်ထားတာဘဲ......ဒီလိုဆိုငါတို့အဝတ်တွေလဲမှရမယ်.....ပိုနောက်ကျတော့မှာဘဲ.......''
ဦးရီးတော်ရဲ့ သီးသန့်ဆန်သော ခြံဝန်းလှလှလေးက မီးအလင်းရောင်ရှိနေလေသည်။ လူရှိသည့်သဘောပင်။
''အခုအဝတ်နဲ့လည်းအဆင်ပြေပါတယ်......လူမသိစေချင်လို့အရပ်ဝတ်နဲ့သွားတယ်ပြောလို့ရတာဘဲ.....''
''အားကျိန်းမှန်တယ်.......''
သို့နှင့် ခြေတစ်လှမ်း၊ နှစ်လှမ်း ၊ သုံး....
''ကျိန်းဝေ........''
မင်းသား၇ရဲ့ရှေ့တည့်တည့်မှာဦးရီးတော်ကပိတ်ရပ်နေလေသည်။
''ဆိုင်းရက်စ်........ဒီမှာဘာလာလုပ်နေတာလဲ.....''
အလန့်လွန်ပြီးပါးစပ်ထဲရှိရာပြောမိလိုက်သောကြောင့် ဦးရီးတော်က သူ့အားစိုက်ကြည့်နေလေသည်။
''ဒါ.....ကိုယ့်ရဲ့နေရာလေ.....''
''အာ....ဟုတ်သား.......မင်းက...မင်းရဲ့နေရာမှာဘဲရှိမှာပေါ့.......''
''မင်း...?''
ဦးရီးတော်က သူ့အခေါ်အဝေါ်ကိုသဘောမကျပုံပင်။
''ဦးရီးတော်.....ကျမတို့က......ကွမ်ရင်ကျောင်းကိုသွားမလို့ပါ.....''
''မင်းကြီးသိပြီးသားမဟုတ်လား......ဘာလို့ခိုးကြောင်ခိုးဝှက်ဖြစ်နေရတာလဲ......''
သူတို့သုံးယောက်လုံးတစ်ယောက်ကိုတစ်ယောက်ကြည့်မိကြသည်။ ဦးရီးတော်စကားကလည်း ဟုတ်သည်လေ။
''တစ်ခုခုကြံသည်ထားရင် မလုပ်ကြဖို့....အကြံပေးချင်တယ်.....အထူးသဖြင့်....ကျိန်းဝေ......''
''ဆိုင်းရက်စ်.......ကွမ်ရင်ကျောင်းသွားမှာပါဆို......''
ဦးရီးတော်ကသက်ပြင်းချလိုက်ပြီး
''ဂရုစိုက်ပြီးသွား.....''
ထိုနောက် ဦးရီးတော်က သူ့သီးသန့်ခြံဝန်းလေးထဲသို့ပြန်ဝင်သွားလေသည်။ထိုအခါမှ သူတို့သုံးယောက်လုံးသက်ပြင်းချနိုင်လေသည်။
''သွားကြမယ်.....''
''ကောင်းပါပြီမမ.......''
<<<နောက်တစ်ရက်မနက်ခင်း>>>
YOU ARE READING
The Secret Of Red Rose (Complete)
Romanceနှင်းနီပွင့်လေးတစ်ပွင့်ပါဘဲ ဆူးအပြည့် လျှို့ဝှက်ချက်အပြည့်နဲ့ပေါ