''ဆိုင်းရက်စ်.......ဘာလို့အဝေးကြီးမှာလှဲနေတာလဲ.......ဒီဘေးလာလှဲပါ........''
ဦးရီးတော်က သူ့အား အရေးမလုပ်ပေ။ ထိုသို့အရေးမလုပ်ပုံက သူ့အား သဘောကျစေသည်။ တည်းခိုခန်းပိုင်ရှင်က ဘယ်လိုထင်၍ မင်္ဂလာခန်းကဲ့သို့ပြင်ဆင်ပေးလိုက်သလဲသူမသိပါ။
သူနှင့်ဦးရီးတော်အခန်းထဲဝင်လာတော့ အိပ်ယာပေါ်တွင် နှင်းဆီပွင့်ဖတ်လေးများကြဲထားလေသည်။
ဦးရီးတော်က ထိုအချိန်ကတည်းက သူ့စကားများကိုအရေးမလုပ်တော့ပါ။
''ဆိုင်းရက်စ်......အခန်းမှာတာက......မင်းကိုယ်တိုင်လေ......''
ဦးရီးတော်က ရုတ်တရက်ထထိုင်လိုက်ပြီး
''မင်းတည်တည်တံ့တံ့နေသင့်တယ်ကျိန်းဝေ.......သွား.....ဝူခယ့်နဲ့အတူ ကြမ်းပေါ်သွားအိပ်ချေ......''
သူလည်းထိုင်လိုက်ပြီး
''ဦးရီးတော်က မင်းသားတစ်ပါးကို သူ့အစေခံနဲ့အတူ ကြမ်းပေါ်အိပ်ခိုင်းမလို့လား.....''
''မအိပ်ချင်ရင် တိတ်တိတ်နေ......''
''...........''
သူ့ပါးစပ်ကိုလက်နဲ့ပိတ်ပြတော့ ဦးရီးတော်က ပြန်လှဲအိပ်သွားသည်။
''ဆိုင်းရက်စ်.......အနောက်တိုင်းပြည်က ဘယ်လိုပုံရှိလဲ.......''
''ကျစ်.....''
ဦးရီးတော်က ဘာစကားမှမပြောဘဲ သူ့ဘက်လှည့်လာသည်။
''အနောက်တိုင်းပြည်က........ဒီတိုင်းပြည်နဲ့တူတူပါဘဲ.....မတူတာဆိုလို့......ယဥ်ကျေးမှုနဲ့ဝတ်ပုံစားပုံ.....ဒါတွေလောက်ဘဲ....ထင်တယ်.....''
''ဆိုင်းရက်စ်က ငါတို့ဘာသာစကားကိုအတော်ကျွမ်းကျင်တယ်နော်......''
''အင်း......ကိုယ်က......ငယ်ငယ်လေးကတည်းကသင်ခဲ့ရတာကြောင့်......''
''မိဖုရားရုသ်အသံကတော့လုံးဝ တခြားစီဘဲနော်.......''
''အင်း......''
''ဆိုင်းရက်စ်......ငါလေ....မင်းကိုအမှန်တိုင်းပြောပြချင်တယ်......''
''အင်း.......''
''လောကမှာအပျော်ဆုံးလူဖြစ်ဖို့ဆိုရင်......ကိုယ်သဘောကျတာ နှစ်သက်တာကိုလုပ်နိုင်ရမယ်မဟုတ်လား......''
YOU ARE READING
The Secret Of Red Rose (Complete)
Romanceနှင်းနီပွင့်လေးတစ်ပွင့်ပါဘဲ ဆူးအပြည့် လျှို့ဝှက်ချက်အပြည့်နဲ့ပေါ