🩺Dear uncle doctor(အပိုင်း-၃၇)🩺

230 12 0
                                    

ရှရှ လဲနေရာကနေ ထထိုင်လိုက်တော့ ခန္ဓာကိုယ်တကိုယ်လုံးနာနေတာကြောင့် မျက်မှောင်ကြုတ်လိုက်သည်

ကိုယ်ပေါ်မှာ အကျီဝတ်ထားတာတောင် ရှရှ စောင်ကို လည်ပင်းထိရောက်အောင်ဆွဲယူလိုက်ကာ ခြုံထားလိုက်လေသည်

လုရန် ရှရှကို အနောက်ကနေ တကိုယ်လုံးဖက်လိုက်ကာ လုရန် ရင်ခွင်ထဲမှာ သူမရှိနေတာက သူ့ရဲ့ စိတ်ကိုနွေးထွေးသည် ဟုခံစားရသည်

လုရန် ဖက်နေရင်းနဲ့ လည်ပင်းက အနီရောင်အကွက်လေးကိုထပ်ပီး နမ်းလိုက်သည်

မနက်ကြရင် ရှရှ markingရာတွေ မြင်သွားလျှင် သူ့ကိုဘယ်လောက်တောင် စိတ်ဆိုးမလဲမသိပေ

သူ့နမ်းလိုက်တာကြောင့် ရှရှ နားရွက်တွေနီတာကိုတွေ့လိုက်ကာ အခန်းမီးက ညဘက်ဖွင့်တဲ့ မီးအလင်းရောင်က သူ့မကိုယ့်ပေါ်မှာရောက်နေကာ သူမတကိုယ်လုံး နွေးထွေးတယ်လို့ခံစားရပီး မနေနိုင်စွာဖြင့် ရှေ့ကိုတိုးလိုက်ကာ ရှရှ နှုတ်ခမ်းကိုထပ်နမ်းဖို့ပြင်လိုက်သည်

ညဘက်delivery ကအရမ်းမြန်တာကြောင့် လုရန် ရှရှကိုနမ်းဖို့ပြင်နေတုန်း ဖုန်းမှီလာတာကြောင့် လုရန် သက်ပြင်းချလိုက်လေသည်
"ဟင်း.... ကိုယ်သွားယူလိုက်ဦးမယ်"

ရှရှ လုရန်ထသွားမှာ စောင်ထဲ နည်းနည်းထပ်လျော်ဝင်လိုက်ကာ...
'အင်း တော်သေးတယ် deliveryအချိန်မှီရောက်လာလို့ မို့ဆို သူမနောက်တခါ ထပ်စားခံနေရလောက်ပီ'

နောက်တခေါက် ရှရှ နိုးလာတော့ နေ့လည်ရောက်နေပီဖစ်သည်

ညက ရှရှ တယောက်တည်း ညလယ်စာ စားတာမဟုတ်ဘဲ နိုးပဲနိုးနေပီဆိုတဲ့ အကြောင်းပြချက်ဖြင့် လုရန် သူမကို ထပ်စားသွားတာကြောင့် မနက်လုံးဝမထနိုင်တော့ပေ

ရှရှ မျက်နှာသစ် သန့်ရှင်းရေးလုပ်နေတုန်း လုရန် ကောင်တာသွားကာ အခန်းဖိုးသွားရှင်းလိုက်သည်

လုရန် အခန်းထဲပြန်ရောက်တော့ ရှရှက ချန်ရှောင်ရှီးနှင့်ဖုန်းပြောနေတာကိုကြားလိုက်သည်

သူတို့လည်း ခုနလေးကမှ အခန်းပြန်အပ်တာဖစ်ပီး ရှရှနဲ့ နေ့လည်စာ တူတူစားမလားလို့ မေးနေတာဖစ်သည်

Dear uncle doctor🩺(Complete)Where stories live. Discover now