12(Unicode)

19 1 0
                                    

''အော့.........''

''အရှင်....ထုတ်ထား......''

ခရီးတစ်ထောက်ခဏနားချိန် မင်းသား၇အား ဝူခယ့်က ကျောပွတ်ပေးနေရလေသည်။

''ဦးရီးတော်.......အားကျိန်းရယ်..........''

''အဆင်ပြေသွားမှာပါ.......''

ဦးရီးတော်ကသူ့မြင်းဖြူလေးကို ခဏအနားပေးထားလေသည်။

''မင်း....မင်း......ငါတို့မင်တိုင်းပြည်ကမြင်းတွေတောင်မင်းလောက်မပြေးဘူး........မြင်းဖြူလေး......မင်းမရက်စက်လွန်ဘူးလား......''

မင်းသား၇က လက်ညိုးငေါက်ငေါက်ထိုး၍ မြင်းဖြူလေးအားရန်တွေ့နေလေသည်။

''ဖွီ......''-မင်းသား၇

''ဖွီ........''-မြင်းဖြူလေး

မင်းသား၇က မြင်းဖြူလေးအား ဖွီခနဲအသံပြုလိုက်စဥ် မြင်းဖြူလေးက ရေဖြင့်ငုံထွေးလေသည်။

မင်းသား၇မျက်နှာတည့်တည့်ထွေးလိုက်သောကြောင့် မင်းသား၇က ကျောက်တုံးကောက်၍ ထုမည်အလုပ်တွင် ဝူခယ့်က ဆွဲတားလိုက်ရလေသည်။

''အရှင်စိတ်လျော့ပါ.....ဒါမြင်းပါ.....မြင်းနဲ့တော့ရန်ဖက်မဖြစ်သင့်ပါဘူးအရှင်.......''

''ငါ့ကိုလွှတ်.....ဒီကောင့်လျှာကို ထုပစ်မယ်......''

''ဟီးဟီး...ဟီ...ဟီ.....''

မြင်းဖြူလေးက သူ့အားလျှာထုတ်ပြောင်လေသည်။

''ဒီ.......မြင်းမသားတော့......ငါ.....''

''ကျိန်းဝေ.....ဒါ....မြင်းလေ......''

ချက်ချင်း ကျောက်တုံးကိုလွှင့်ပစ်လိုက်ပြီး

''ဆိုင်းရက်စ်.....ငါ့ကို...ဒီမြင်းလေးပေးပါလား.....''

''မရဘူး.......''

သူမြင်းဖြူလေးအားတစ်ချက်ကြည့်လိုက်သည်။ ဦးရီးတော်ရဲ့စကားကြောင့်ဝံ့ကြွားနေသလို။

''မင်းနဲ့နောက်မှတွေ့မယ်.........''

''အားကျိန်း.....လာ....ဒီနားကိုလာ.....''

မင်းသမီး၆က ကျောက်တုံးပေါ်ထိုင်နေ၍ သူ့ဘေးရှိနေရာလွတ်လေးအား အသာပုတ်ပြလေသည်။

''မမ.....''

သူဘေးနားကိုသွားထိုင်လိုက်တော့မမက အလွန့်ကို အတွေးများနေပုံပင်။ သူ့အားတွေတွေလေးကြည့်နေလေသည်။

The Secret Of Red Rose (Complete)Where stories live. Discover now