''နောက်ဆုံးတော့.....အကို့ကိုကပ်နေတဲ့ကောင်လေးမရှိတော့ဘူးဘဲ.......''
မိဖုရားရုသ်က အဝတ်ကိုတစ်လွှာချင်းချွတ်နေလေသည်။
''ငါမင်းနဲ့ပလူးပလဲလုပ်ဖို့လာတာမဟုတ်ဘူး......ရုသ်.....မင်းဘာတွေသိရပြီလဲ.....''
''အကိုဆိုင်းရက်စ်ကသိပ်လောတာဘဲ......''
''......''
မိဖုရားရုသ်နဲ့ဝေးရာကိုထွက်လာလိုက်မိသည်။
''ကျမတို့....အိမ်ရှေ့စံကိုသတိထားရမယ်.....သူကတကယ့်ကိုအကင်းပါးတဲ့သူဘဲ......အကို အဲ့ပြသနာကောင်နောက်ကိုလိုက်သွားတုန်းက.......ပုလ္လင်ရဲ့အနီးတစ်ဝိုက်ကိုရှာကြည့်ခဲ့တယ်........အဲ့တာကို အိမ်ရှေ့စံကရိပ်မိသွားတယ်.......''
''သူကအကင်းပါးတာမဟုတ်ဘဲ....မင်းကမဆင်မခြင်လုပ်လို့ဖြစ်တာမဟုတ်ဘူးလား......''
''............''
မိဖုရားရုသ်က သူ့စကားကိုပြန်မချေပပါ။
''နောက်ပြီးကျိန်းဝေက ပြသနာရှာတတ်ပေမယ့်....မင်းသူ့ကိုအဲ့လိုမပြောသင့်ဘူး......ဘာဖြစ်ဖြစ် မင်းရဲ့သားလိုလူဘဲလေ......''
''ကျမနဲ့ရွယ်တူတစ်ယောက်က ကျမရဲ့သားဖြစ်လာမှာတဲ့လား......''
''မင်းကသူ့အဖေကိုယူထားတာဘဲလေရုသ်......''
''အဲ့တာအကို့ကြောင့်လေ........အကိုသာ ကျမကိုထားမသွားဘဲ ကျမရဲ့အချစ်တွေကိုလက်ခံပေးခဲ့ရင်........ဒီလို အိုကြီးအိုမနဲ့ ယူစရာမရှိဘူး........''
''ရုသ်......မင်းက ငါ့လက်ထဲကြီးပြင်းလာခဲ့တာ......နောက်မှတွေ့တဲ့ ကျိန်းဝေတောင်.....မင်းထက်အများကြီးသိတတ်တယ်......''
မိဖုရားရုသ်အတော်အချဥ်ပေါက်လာလေသည်။ ဒီ နာမည်မပါလို့မရဘူးလား။
''အဲ့ပြသနာကောင်နဲ့ကျမကိုမယှဥ်စမ်းပါနဲ့.........အခု...အကိုလုပ်ရမှာက.....အဲ့ပြသနာကောင်နဲ့ဝေးဝေးနေပြီး စစ်မက်ရေးရာသတင်းကိုနှိုက်ယူဖို့ဘဲ......နောက်ပြီး......ဘုရင်က စာပို့လိုက်တယ်......''
''အင်း.......''
''ဘာပါလဲမသိချင်ဘူးလား......''
မိဖုရားရုသ်ကသူ့အနားကပ်ဖို့လုပ်တော့သူနောက်နှစ်လှမ်းဆုတ်လိုက်မိသည်။
YOU ARE READING
The Secret Of Red Rose (Complete)
Romanceနှင်းနီပွင့်လေးတစ်ပွင့်ပါဘဲ ဆူးအပြည့် လျှို့ဝှက်ချက်အပြည့်နဲ့ပေါ