14(Unicode)

18 1 0
                                    

''ကုန်းကုန်း.......သူ့ကိုအချက်၅၀ရိုက်ခိုင်းလိုက်.......''

''ကောင်းပါပြီမိဖုရားဟန်.......''

''ခွင့်လွှတ်ပေးပါမိဖုရား......''

ကြောက်လန့်တကြားငိုယိုနေတဲ့ အစေခံကို တခြား အစေခံတွေက သနားရုံသာတက်နိုင်လေသည်။

''အား......အား.....နာ...တယ်.....မရိုက်ကြပါနဲ့.....အား.....''

သစ်သားပြားတို့က ထိုအစေခံရဲ့ကျောပေါ်ကိုကျလေသည်။ တခါ ထိတိုင်း အသားတွေစုတ်ပြဲကုန်သလို။

''နျင်အာ......''

''ကိုကို.......''

''တော်လောက်ပါပြီနျင်အာ.....''

''မတော်နိုင်ပါဘူး.......သူကညီမကိုဘယ်လိုပြောလိုက်လဲကိုကိုကြားလိုက်ရဲ့သားနဲ့......''

''နျင်အာ.....မိဖုရားတစ်ပါးဖြစ်နေပြီလေ.....ကလေးလိုမပြုမူနဲ့......''

''ရပ်လိုက်စမ်း.........''

''မင်းသား၃........''

မိဖုရားဟန်မှလွဲ၍ အကုန်လုံးအရိုအသေပေးရသည်။

''အားကျိန်း....အပြင်မထွက်လို့...ပြသနာလျော့မလားတွေးတုန်းရှိသေးတယ်....ဘာဖြစ်ကြပြန်တာတုန်း......''

''မင်းသား၃ကိုအရိုအသေပေးပါတယ်.......ဒီအစေခံက မိဖုရားဟန်ကို မရိုမသေပြုလို့ပါ......''

ကုန်းကုန်း(ရုန်ကျီ)ကရိုရိုသေသေနှင့်ဖြေရှာသည်။

''ဘယ်လိုမရိုမသေပြုတာလဲမိဖုရားဟန်......ပြောပြနိုင်မလား.....''

''နင်က မင်းသားတစ်ပါးဘဲ.......ဘာလုပ်ပေးနိုင်မှာမို့လို့လဲ.......''

''နျင်အာ......''

မိဖုရားဟန်က သူ့ကိုအရေးအဖက်မလုပ်ပေ။

''မင်းသားတစ်ပါးဆိုတာမှန်ပင်မယ့်......ကျတော်က နန်းတော်ထဲမှာအရေးပါတဲ့မင်းသားတစ်ပါးပါ.....မိဖုရားဟန်မသိဘူးထင်တယ်.....မင်တိုင်းပြည်မှာတော့.......အရေးကြီးတာဝန်တွေကို မင်းသားတွေမင်းသမီးတွေကဘဲကိုင်တွယ်တယ်ဆိုတာကို.......''

''သိတယ်လေ.....အဲ့ဒီတော့ဘာဖြစ်လဲ.......''

''ကျတော်က...ခမည်းတော်ကိုယ်တိုင် ယုံကြည်လို့ ရုံးတော်ကိစ္စအဝဝကို တာဝန်ယူခွင့်ရှိတဲ့မင်းသား၃ပါ.....ဒါ့ကြောင့် ဒီကိစ္စကို....သိမှရပါမယ်.....''

The Secret Of Red Rose (Complete)Where stories live. Discover now