🩺Dear uncle doctor(အပိုင်း-၃၉)🩺

248 7 0
                                    

"ဒါပေမယ့်လည်း လိုက်ဖက်တယ်လေ"

"ကိုယ်က မင်းတယောက်တည်းနဲ့ပဲ လိုက်ဖက်တာ"

လုရန်ပြောပီးနောက် ရှရှ နောက်ထပ်ထပ်ပြောလာမှာဆိုးတာကြောင့် ပြန်နမ်းလိုက်သည်
ဒီတခါမှာတော့ ရှရှကို ရှောင်ခွင့်မပေးတော့ဘဲ ခေါင်းကိုကိုင်ကာ ပြင်းပြင်းထန်ထန်နဲ့ နမ်းလိုက်ပီးနောက် ခဏအကြာ ရှရှ အသက်ရူကြပ်လာပီး အသံထွက်လာတော့မှ လွတ်ပေးလိုက်သည်

"ရှရှ ခုထိ အသက်မရူတက်သေးဘူးလား"

ရှရှ စိတ်ဆိုးသွားကာ နှုတ်ခမ်းဆူလာပီး

"မရှုတက်ဘူး ဘာဖစ်လဲ"

"ဘာမှမဖစ်ပါဘူး"

လုရန် ရီချင်နေတာကို မနည်းထိန်းထားရသည်

"ဘာမှမဖစ်ဘူး များများနမ်းရင် အဆင်ပြေသွားလိမ့်မယ်"

များ..များ..နမ်း..ရင်..အ..ဆင်..ပြေ..သွား..မယ်?????

နှာဘူးထက်တောင် ပိုပီးနှာဘူးကြသေးမှန်း ရှရှခုမှသိလိုက်သည်

သူမ မျက်စိရှေ့က လူကို ပြောလည်းမနိုင်သလို စိတ်ဆိုးလို့လည်းမနိုင်တာကြောင့် မတ်တပ်ရပ်လိုက်ကာ
"ကိုကို့ ကို အဖက်မလုပ်တော့ဘူး ရှရှ ဟင်းသွားချက်တော့မယ် ဟင်းချက်ပီးရင် ကိုကိုမစားရဘူး"

"ကိုယ်လည်းဝိုင်းလုပ်ပေးမယ်"

"မလိုဘူး"

"အဲ့ဆို ကိုယ်ရေခဲသေတ္တာ တံခါးကူဖွင့်ပေးမယ်"

"ရှရှ ကိုယ့်ကိုဖွင့်တက်တယ်"

"အဲ့ဆို ရှရှချက်တာ ကိုယ်ထိုင်ကြည့်နေမယ်"

"လုရန်!!!"

လုရန် ရှရှကို စားပွဲနဲ့ သူကြားမှာညပ်ထားလိုက်ပီး စားပွဲပေါ်လက်ထောက်လိုက်ကာ

"ခုထိ ကိုယ့်ကို စိတ်ဆိုးနေတုန်းလား"
ရှရှ ခေါင်းခါပြလိုက်သည်

အစကတည်းက သူမဘာသာ မဟုတ်တဲ့ကိစ္စကို စိတ်ဆိုးနေတာကြောင့် လုရန်ကို အားနာနေရကာ လုရန်က မရမက လိုက်ချော့နေတာကြောင့်နေရခက်လှသည်

"နောက်ဆို ရှရှ သိချင်တာရှိရင် ကိုယ့်ကို မေးလို့ရတယ် ဘယ်လိုပုံစံနဲ့မေးမေး မေးလို့ရတယ် ကိုယ့်မင်းကို အမှန်အတိုင်းပြောပြမယ် ပိုပီးတော့ မင်းကိုလိမ်မှာမဟုတ်ဘူး တခုပဲ တယောက်တည်း ကြိတ်ပီး စိတ်မဆိုးရဘူး နားလည်ပီလား"

Dear uncle doctor🩺(Complete)Where stories live. Discover now