<<<ငြိမ်ချမ်းရေးပွဲတော် ၃ရက်အလို>>>
ပစ်မှတ်အားသေချာအာရုံစိုက်ပြီး ပစ်လွှတ်လိုက်လေသည်။
မြှားကပစ်မှတ်အလည်တည့်တည့်ကိုထိသဖြင့်ကျေနပ်နေရလေသည်။ ဒီတိုင်းသာဆို ဗျပ်စောင်းကသူ့အတွက်ပင်။ နှစ်လအတွင်းလေ့ကျင့်မှုရဲ့ရလာဒ်ပင်ဖြစ်သည်။
ဒါက လန်ဂိုဏ်းမှ ကျန်ရစ်သည့် ရတနာပစ္စည်းလေပင်ဖြစ်သည်။
''မင်းသား၃က မြှားပစ်တော်တာဘဲ.......''
''ကုန်းကုန်း.....''
သူ့အား ကုန်းကုန်းကအရိုအသေပေးလေသည်။
''ရုန်ကျီလို့ခေါ်လို့ရပါတယ်မင်းသား၃.....''
''ကုန်းကုန်းတစ်ယောက်ကိုအဲ့လိုခေါ်တာကသင့်တော်လို့လား.......''
လေးကြိုးပြင်ရင်းမေးလိုက်တော့ရယ်သံလေးသာကြားလိုက်ရလေသည်။
''မင်းသား၃........ဒီ့ထက်ပိုပြီးအားပြင်းပြင်းနဲ့လေးကြိုးကိုတင်းနေအောင်မဆွဲသင့်တော့ဘူးနော်........တင်းလွန်းရင်ပြတ်ထွက်သွားလိမ့်မယ်........''
မြှားကိုယူလိုက်ကာ
''ဒီလိုလား.......''
အားပြင်ပြင်းနဲ့ဆွဲပြီး လက်လွှတ်လိုက်တော့ မြားနှင့်အတူ လေကြိုးလည်းပြတ်ထွက်လာလေသည်။
''မင်းသား၃......''-ရုန်ကျီ
''.........''-ဟွမ်ကျောက်ရန်
သူ့မျက်လုံးတဝိုက်အား လက်တစ်စုံက ကာလိုက်လေသည်။
''မင်းသား၃....အဆင်ပြေရဲ့လား.....''
လက်တစ်စုံကဖယ်လိုက်သည့်အချိန်တွင် သူရှင်းရှင်းလင်းလင်းမြင်လိုက်ရပါသည်။
''မင်းသား၃.....လေးကြိုးကတင်းလွန်းရင်ပြတ်သွားလိမ့်မယ်......ဒီအစေခံကသင်ပေးပါရစေ.....''
''......''
မင်းသား၇နှင့်မတူစွာ သူ့အစေခံဝူခယ်က ခန္ဓာကိုယ်တောင့်သည်။ ကလေးဆန်ပြီး ချစ်စရာကောင်းသည်။ သူနှင့်မတူစွာ ထိုမျက်ဝန်းစိမ်းများကအလှဆုံးပင်။ ဝူခယ့်က သူ့အား လေးအသစ်ပေးပြီး သူ့နောက်တွင်လာရပ်လေသည်။
YOU ARE READING
The Secret Of Red Rose (Complete)
Romanceနှင်းနီပွင့်လေးတစ်ပွင့်ပါဘဲ ဆူးအပြည့် လျှို့ဝှက်ချက်အပြည့်နဲ့ပေါ