🩺Dear uncle doctor(အပိုင်း-၄၀)🩺

191 8 0
                                    

ဖေဖေ ဖေဖေ သူမမှာဖေဖေမရှိတော့ဘူး သူမကို ငယ်ငယ်က ရေခဲမုန့်ဝယ်ကျွေးတဲ့ ဖေဖေ အအေးဝယ်တိုက်တဲ့ဖေဖေ မရှိတော့ဘူး သူမ ခေါင်းအသွင်သွင်ခါနေကာ သူမကိုယ့်ကို အိမ်မက်ဟုပြောကာ အိမ်မက်ကနိုးထအောင်လုပ်နေသည်

အိမ်မက်က နိုးလာရင် သူမဖေဖေပြန်လာမှာဖစ်သည်

ဒါပေမယ့် ဘယ်လိုလုပ်လုပ်မနိုးလာဘဲ အမှောင်က သူမကိုနောက်တခန်းဆီဆွဲခေါ်သွားလေသည်

အဲ့အခန်းက သူမ၁၈နှစ်တုန်းက နေခဲ့တဲ့အခန်းဖစ်သည်

အခန်းထဲမှာ သူမကိုယ်ပေါ်ကိုယောကျ်ားတယောက်က တက်ဖိထားလေသည်

အဲ့လူက သူမ ညဝတ်အကျီကိုဆွဲဖြဲနေကာ အားအရမ်းသန်တာကြောင့် သူမဘယ်လိုရုန်းရုန်း ရုန်းလို့မရပေ

သူမ သူ့ကိုကန်မိသွားတာကြောင့် ပါးရိုက်ခံလိုက်ရသည်

ရုန်းရင်းဆန်ဆက်ဖစ်နေရင်း ခေါင်းအုံးအောက်မှာ အမြဲ ဖွက်ထားခဲ့တဲ့ ဓားကိုယူလို့ရသွားလေသည်

"ရှရှ ရှရှ"
လူတယောက် သူမကိုခေါ်နေတာကြားလိုက်ရသည်

အသံက အရမ်းရင်းနှီးကာ ကိုကို ကိုကို ဟုတ်သည်

ရှရှ မျက်လုံး ဖြည်းဖြည်းချင်းဖွင့်လာတော့ အခန်းထဲမှာ လုရန် သူမကိုပေးထားတဲ့ စက္ကူနဲ့လုပ်ထားတဲ့ ညအိပ်မီးလေးဖွင့်ထားကာ သူမရှေ့မှ လုရန်က ထိုင်နေကာ သူမကိုစိုးရိမ်နေတဲ့ မျက်နှာနဲ့ကြည့်နေသည်

လုရန် စားပွဲပေါ်ကနေ တစ်ရှူး၂ရွက်လောက်ဆွဲထုတ်လိုက်ကာ ရှရှ မျက်နှာပေါ်ကချွေးတွေကို သုတ်လိုက်ပီး ရှရှကို သူ့အပေါ်မှီခိုင်းလိုက်ကာ...
"အိမ်မက်ဆိုးတွေမက်နေတာလား ရေသောက်မလား ကိုယ်နဲ့ စကားတူတူပြောပီးမှ ထပ်အိပ်ကြမယ်"

လုရန် သူအိပ်နေရင်းက သူ့ဘေးမှာ အိပ်နေတဲ့ကောင်မလေးက တုန်လာကာ ပါးစပ်ကအော်နေပုံပေါ်ပေမယ့် အသံမထွက်လာပေ

ချွေးတွေအများကြီးထွက်နေကာ အိမ်မက်ဆိုးမက်နေပုံပေါ်တာမို့ လုရန်မြန်မြန်ထလာကာ နိုးလိုက်ချင်းဖစ်သည်

ရှရှ ခေါင်းငြိမ့်လိုက်တော့မှ လုရန် အခန်းအပြင်ထွက်သွားကာ ရေနွေးတခွက်ယူပီး ပြန်ဝင်လာသည်

Dear uncle doctor🩺(Complete)Where stories live. Discover now