“ ခပ်မြန်မြန် လုပ် … ဟိုနားက ကောင်မလေး မြန်မြန် သန့်ကြပါ…. တော်ကြာ နင့် မိထွေးလေး က လာတော့မယ်…. နင်တို့က ဘောနပ်စ် ဖြတ်ခံချင်လို့လား…..ဟိုတစ်ယောက် ပန်းအိုးတွေ မကွဲအောင် သေချာ ကိုင်နော်…..”
“ အယ် ဖြေးဖြေး……..”
ဝန်ထမ်းများထဲမှ လုပ်သက် အကြာဆုံး မိန်းကလေး ရဲ့ အမှာစကားမဆုံးသေးခင်မှာပဲ ဝန်ထမ်းအသစ် မိန်းကလေး ရဲ့ လက်ထဲက ပန်းအိုးဟာ ပြုတ်ကျကွဲကြေသွားခဲ့သည်။
“ နင် ဘယ်လိုလုပ်တာလဲ…. တော်ကြာ နင့် မိထွေးက လာတော့မယ်… အဲ့ပန်းအိုးက ဘယ်လောက်တန်တယ်မှတ်လို့ လက်လွှတ်စပယ် ကိုင်ရတာလဲ…..”
ဝန်ထမ်းမလေးလည်း ခေါင်းငုံစိုက်ချကာ စိတ်ပူနေမိသည်။
“ ဆူးဆက်ဆက် ဆိုတဲ့ မိန်းမက ဘယ်လောက် စေ့စပ်ပြီး ညှာတာမှုကင်းလိုက်လဲ ဆိုတာ နင်မသိဘဲ….သူက သူ့အမေအရင်းကိုတောင် ပစ်ထားခဲ့တာ နင်တို့ငါတို့လို ဝန်ထမ်းတွေဆိုရင် …..တွေးမနေနဲ့တော့…..”
ထိုစဉ် တခြားဝန်ထမ်းကောင်မလေးတစ်ယောက်ဟာ ခပ်မြန်မြန် ရောက်လာပြီး အားလုံးကို ကြားအောင် ဆော်ဩလိုက်သည်။
“ ဒုဥက္ကဌ လာနေပြီ…..မြန်မြန် နေရာအသင့်ယူကြတော့…….”
ဝန်ထမ်းမလေး ရဲ့ ဆော်ဩလိုက်သံ အဆုံး၌ ဝန်ထမ်းများ အသည်းအသန် အလုအယက်ဖြင့် တန်းစီကြရသည်။ ဟိုတယ်ရှိ ထမင်းစားခန်း အဝင်မှ တစ်လျှောက်လုံး စားဖိုဆောင်မှ ဝန်ထမ်းများ အသင့်အနေထား စီရီထားကြရသည်။
ဒေါက်ဒေါက်…..မရမ်းဆီရောင် ၅ လက်မခွဲဒေါက်မြင့် ဖိနပ် ၊ မရမ်းဆီရောင် ကိုယ်ကြပ်အင်္ကျီ ၊ ကွေးကောက်နေသော ကျောအလယ်စာမျှရှိသော အညိုရောင် ဆံပင်ရှည် အား နားတစ်ဖက်သို့ ညှပ်၍ စတိုင်ကျကျ အထာမိမိ ဖြင့် ဆူးဆက်ဆက်ဆိုသော မိန်းကလေးဝင်လာသည်။ ဖက်ရှင်သည်သာ မိမိုက်သည်မဟုတ် Body Structure မှာလည်း မိုက်လှသည်။ ဒီခေတ်လို ပိန်ပိန်ပါးပါး ခပ်ပျော့ပျော့ မိန်းကလေးမျိုးမဟုတ် ဗမာ့မိန်းကလေးပြီပြီ လုံးကြီးပေါက်လှဖြစ်သည်။
သူမရဲ့ အကြည့် ၊ သူမရဲ့ လှုပ်ရှားမှုများဟာ လူအများလေးစားရခြင်း၏ သူမရဲ့ ပင်ကိုယ် အရည်ချင်းများကိုလည်း ဖော်ပြနေပြန်သည်။ ဆူးဆက်ဆက် လျှောက်လာရင်း ပန်းအိုးအကွဲစများနေရာသို့ရောက်သော်….
YOU ARE READING
Stay In My Heart
Romanceအချစ်ဦးရဲ့ နှလုံးဖြင့် အသက်ဆက်ရှင်နေသော အချစ်ဆုံး အကြောင်း။