ဧည့်ခန်းထဲ မာန် ထိုင်နေသည်။ ဆူး မာန်ကို အားနာစွာဖြင့် လှည့်ကြည့်ပြီး ရေခဲသေတ္တာထဲက ရေခဲများကို အဝတ်စ တစ်ခုပေါ်သို့ သွန်ချနေခဲ့သည်။ ထို အဝတ်စအား ဧည့်ခန်းထဲထိုင်နေတဲ့ မာန် ဆီယူသွားပြီးပေးခဲ့သည်။
“ ရေခဲလေး ကပ်လိုက်ပါဦး …….”
မာန် မှာ ဆူး ကို မကျေနပ်တာကြောင့် ပေစောင်းစောင်းကြည့်ပြီး ဆူး ပေးတဲ့ ရေခဲထုပ်ကို စွတ်ခနဲယူပစ်သည်။ ဆူး ကြောင့် ယောင်ရမ်းနေတဲ့ သူ့ ပါးပြင်ထက်သို့ ဆူး ပေးတဲ့ ရေခဲကိုကပ်ကာ….
“ အဲ့တာပြောတာပေါ့ … ရှေးလူကြီးတွေပြောကြတယ် …. ခြေနှစ်ချောင်း မကယ်ကောင်းတဲ့ သက်သက်မဲ့ ဟီးရိုးဝင်လုပ်တဲ့ ကျုပ် က ….အကန်ခံလိုက်ရတယ်……”
“ ရှင်က လည်း ဘာလို့ အထင်လွဲအောင် ….ကျွန်မ အပေါ်တတ်နေတာလဲ ….”
“ ဘယ်သူက ခင်များ အပေါ်တတ်လို့လဲ ….. ဒီတိုင်းပစ်ထားခဲ့ ရင် အအေးပတ်ပြီး သေနေမှာစိုးလို့ ငါက စောင်ခြုံပေးချင်ရုံပဲ ….ခင်များ ဘာသာ ခင်များ မမေးမစမ်းနဲ့ ….. ကျုပ် ကို ကန်တာလေ … ကျုပ် ရှင်းပြချိန်တောင်မှ မရလိုက်ဘူး …..”
“ ရှင့်ကို ဘယ်သူက ကယ်ခိုင်းလို့လဲ ….”
“ ဘာ … ဘာ ဘာ …. ခင်များက ကျုပ်ကို ကျေးဇူးမတင်တဲ့ အပြင် …ထပ်ပြီး အပြစ်တင်နေတာလား…..”
ဆူး မျက်နှာဆူဆူပုတ်လေးဖြင့် ဟိုဘက်လှည့်သွားခဲ့သည် ။ ဆူး ရဲ့ ဆူပုတ်ပုတ် မျက်နှာလေးဟာ ကလေးလေးတစ်ယောက်လို ဖြူစင်လွန်းလှသည်။ မာန် မှာ ဆူး ရဲ့ ထိုသို့ မျက်နှာလေးကိုမြင်လိုက်ရတာကြောင့် ခိုးပြုံးမိသည် ။
“ ဒါနဲ့ …. ခင်များ ချစ်သူက ဘာလို့ …ခင်များ ကို အခုလို လုပ်ရတာလဲ …..”
“ သူ က ကျွန်မ ချစ်သူမဟုတ်တော့ဘူး …….”
“ မြန်လှချည်လား …. ဟိုတစ်နေ့ကလေးတင် ခင်များ တို့ နှစ်ယောက်ကို ဟိုတယ်ရှေ့မှာ တွေ့လိုက်ပါသေးတယ်…..အဲ့တာပြောတာပေါ့ မိန်းမတွေ ရဲ့ ခံစားချက်တွေဆိုတာ လွင့်မြောနေတဲ့ တိမ်စိုင်တွေလိုပဲ … ဖမ်းလို့မရနိုင်ဘူးဆိုတာ ….”
YOU ARE READING
Stay In My Heart
Romanceအချစ်ဦးရဲ့ နှလုံးဖြင့် အသက်ဆက်ရှင်နေသော အချစ်ဆုံး အကြောင်း။