“ လက်တွေ့မကျတဲ့ အိပ်မက်တွေကနေ နိုးထလာတဲ့အခါမှာ…. ဝမ်းနည်းမှုဆိုတာထက် ပိုနက်နဲတဲ့ နာကျင်မှု ဆိုတဲ့အရာက ဦးနှောက်ကနေ…. နှလုံးသားကို ရိုက်ခက်တယ်…. အဲ့ရိုက်ခက်မှုကြောင့်ပဲ ဆူး ရဲ့ နှလုံးသားက အလုပ်မလုပ်နိုင်တော့တာနဲ့ တူပါတယ်…..”
“ ဆူး ငယ်ငယ်တုန်းကလို… မိသားစု အစုံလင်နဲ့ ပြန်နေချင်လား…………”
ဆူး နဲ့ မာန်တို့ ငမိုးရိပ်ချောင်းဘေး တာပေါ်၌ ကားကိုယ်စီရပ်ထားကြကာ ဘီယာအတူတူသောက်ရင်း စကားပြောနေခဲ့ကြသည်။ မာန်မှာတော့ ဆူး မျက်ဝန်းထဲက ထွက်ချင်ပေမယ့် ထွက်ခွင့်မရတဲ့ မျက်ရည်စလေးများအား ကြည့်နေခဲ့သည်။
“ နေချင်တယ်….. အဲ့လိုအိပ်မက်တွေကိုလည်းခဏခဏ မက်ခဲ့ဖူးတယ်……ဒါပေမယ့် သေချာပြန်တွေးကြည့်တော့…. အစကတည်းက လွဲမှားနေခဲ့တဲ့ အိမ်ထောင်ရေးက အတင်းလုပ်ယူ ၊ အတင်းဖန်တီးရင်တောင်…. ဒီလို ပုံစံပဲ ပြန်ဖြစ်နေမှာပဲလေ……….အိမ်ထောင်ရေးဆိုတဲ့အရာက တကယ်တမ်းတော့ ညာဏ်ရည်ချင်း ယှဉ်ကစားရတဲ့ ကစားပွဲလိုပဲ….ဦးနှောက် level ချင်း မတူတဲ့အခါကျရင်… နားလည်မှုတွေရော သည်းခံမှုတွေရော အမြင်တွေရော ကိုယ်ကျင့်စာရိတ္တတွေရော မတူညီကြပဲ… အချိန်တန် ကွဲကြမှာပဲ…..အဲ့တော့ ငယ်ငယ်ကလို မိသားစု ပြန်စုံလင်ပြီးနေရဖြစ်ဖို့ဆိုတာထက်…. လက်ရှိဘဝမှာ အားလုံး အဆင်ပြေဖို့ပဲ တွေးဖြစ်တော့တယ်…..”
“ဆူးက အိမ်ထောင်ရေးကို မယုံကြည်ဘူးလား…………”
“ အိမ်ထောင်ရေးကို ယုံကြည်တယ် လူတွေကို မယုံတာ……အဲ့လိုပဲ ဆူး ကိုယ့်ကိုယ်ကိုလည်း မယုံဘူး…..”
“ ကိုယ်ကတော့ ဆူး ကို ယုံတယ်…. ဆူးက ဆူး ကိုယ်ဆူး လက်ခံထားတာထက် အများကြီး ပိုကောင်း ပိုသာတဲ့ မိန်းကလေးဆိုတာ…. ကိုယ်ခံစားမိတယ်…...”
မာန် မှာ ဆူး အား နူးညံ့ပျော့ပျောင်းသော မျက်ဝန်းများဖြင့် ငေးကြည့်နေခဲ့သည်။ ဆူး လည်း မာန် ရဲ့ မျက်ဝန်းအစုံကို ငေးကြည့်ရင်း စိတ်ထဲ ယားကျိကျိ ဖြစ်မိသည်။
“ ဆူး အမေ နဲ့ ရန်ဖြစ်လာတာလား…..”
“အင်း…………”
YOU ARE READING
Stay In My Heart
Romanceအချစ်ဦးရဲ့ နှလုံးဖြင့် အသက်ဆက်ရှင်နေသော အချစ်ဆုံး အကြောင်း။