‘ ဒါ ဇေကြီး ရဲ့ နှလုံးသားက တုံ့ပြန်မှုလား ….မာန် မင်း ရဲ့ ဆန္ဒလား ……”
ဆူး ဟာ မာန် အား အသားကုန် တွန်းထုတ်ပြီးသော် ဆူး ရဲ့ လက်ဖဝါးလေးဟာ မာန် ရဲ့ ပါးပြင်ထက်သို့ အရှိန်အဟုန်ဖြင့် (၃) ချက်ဆက်တိုက် ရိုက်လိုက်သည်။ ပထမ တစ်ချက်ဟာ သူမ ရဲ့ မာန အတွက် ဖြစ်ပြီး ဒုတိယ တစ်ချက်ဟာ သူမရဲ့ သိက္ခာ အတွက်ဖြစ်ကာ တတိယတစ်ချက်မှာဆိုရင်ဖြင့် သူမ ရဲ့ ဒေါသကြောင့်ဖြစ်သည်။ စတုတ္ထတစ်ချက်အား ရိုက်ရန် ဆူး ရွယ်သော် မာန် ဟာ သူ့ပါးပြင်သို့ မကျရောက်ခင်မှာ ဆူး ရဲ့ လက်ကလေးအား ဖမ်းဆုတ်လိုက်သည်။
“ Sorry … ငါ စိတ်လွှတ်သွား တယ် …..”
ဆူး မျက်ဝန်း၌ ခက်ထန်ခြင်းများ မင်းမူနေခဲ့သည်။ မာန် ဆုတ်ကိုင်ထာတဲ့ သူမရဲ့ လက်ကလေးတွေကို ဆွဲယူလိုက်ပြီး။“ ရှင့်မျက်နှာ ကျွန်မ နောက်ထပ်မမြင်ချင်ဘူး….ပေးကျွန်မကားသော့ ….”
မာန် ဆူး ရဲ့ ကားသော့ကို ထုတ်ပေးလိုက်သည်။
“ ဒီနေ့ကစပြီး ရှင် နဲ့ ကျွန်မ ထပ်မတွေ့ကြရအောင် …..”
ဆူးနဲ့ မာန်တို့ရဲ့ တွေ့ဆုံမှုဟာ အစကတည်းက လွဲမှားနေခဲ့သည်ထင်သည်။ ဒါမှမဟုတ် မှားယွင်းသော အချိန်၌ပေါ်ပေါက်လာတဲ့ တွေ့ဆုံမှု တစ်ခုပင်လားမပြောတတ်ပါ။ မိမိအား ရွံရွံ ရှာရှာကြည့်ကာ နှုတ်ဆက်သွားခဲ့သည့် ထိုမိန်းမ ရဲ့ ကျောပြင်အား မာန် မျက်စိတဆုံး ငေးမောကြည့်နေခဲ့သည်။ ရုတ်တရက် သူ့နှလုံးသားဟာလည်း ဆိုးဆိုးဝါးဝါး နာကျင်ခံစားရတာကြောင့် သူ့နှလုံးသားအား သူ့လက်ဖြင့် ဆုတ်ကိုင်ရင်း……
“ အား……….”
မာန် ရဲ့ မျက်ဝန်းမှာတော့ တဖြေးဖြေး ဝေးကွာသွားတဲ့ ဆူးကိုသာ ကြည့်နေခဲ့သည်။
…………………….
ရုတ်တရက်ဆန်တဲ့ မာန် ရဲ့ အနမ်းများကို ဆူး မြင်ယောင်ရင်း သူမ ကားရဲ့ လီဗာကို အသားကုန်နင်းကာ မောင်းနှင်လာခဲ့သည်။ မြို့ပြင်လမ်းဖြစ်တာကြောင့် ကားများ ရှင်းလင်းနေ၏။ ထိုအချိန် မျက်နှာချင်းဆိုင်အနေထားမှ ကားတစ်စီးဟာ ဆူး ဆီသို့ ဦးတည်လျှက် ဝင်ရောက်လာသည်။ ဆူး ထိုကားကို မြင်သော် ရုတ်တရက် ကားစီယာရင်ကို လှည့်လိုက်ကာ ကားလမ်းဘေးမှ သစ်ပင်တစ်ပင်ကို ဝင်တိုက်ကာ ဆူးလည်း ထိုကားပေါ်တွင် မရေရာ မသေချာတဲ့ မြင်ကွင်းအား မြင်ယောင်သလိုလို ဖြစ်နေတော့သည်။
YOU ARE READING
Stay In My Heart
Romanceအချစ်ဦးရဲ့ နှလုံးဖြင့် အသက်ဆက်ရှင်နေသော အချစ်ဆုံး အကြောင်း။