ရေပိုက်ခေါင်းမှ ရေများပွင့်ကျလျှက်ရှိသည်။ ထိုကျဆင်းနေတဲ့ ရေများအောက်သို့ မာန် သူ့လက်ကို ခံလျှက်ကျနေသော ရေများကို ခပ်ယူကာ သူ့မျက်နှာထက်သို့ ဖြန်းပတ်လိုက်သည်။ ရေတွေစိုနေသော သူ့မျက်နှာအား မှန်ထဲကြည့်လျှက်။
“ တိမ်တမာန် တိမ်တမာန်….မင်း ဘာဖြစ်နေတာလဲ……”
တိမ်တမာန် မျက်လုံထဲ ဇတ်ဇတ်ကြဲ မာနခဲလေး ရဲ့ ပါးပြင်ထက်သို့ သူနမ်းလိုက်မိပုံအား မြင်ယောင်မိရင်း သူ့နှလုံးခုန်သံများ ရပ်တန့်၍မရတော့။ တဆက်ဆက် တုန်ခါနေတဲ့ နှလုံးသားအား ကိုင်ဆုတ်ရင်း။
“ မင်း ဘာလို့ အဲ့လောက်ခုန်နေရတာလဲ…. မင်း နေမကောင်းဘူးလား ….. မင်း ငါနဲ့ နေလာတာ ၄ နှစ်ရှိပြီ ဒီနေ့လောက် မင်း တစ်ခါးမှ မူမမှန်မဖြစ်ဖူးပါဘူး….. ဘာဖြစ်လို့လဲ…..”
မာန် တစ်ယောက် ထိန်းချုပ်၍မရနိုင်အောင် တုန်ခါနေတဲ့ နှလုံးသား တစ်ခုကြောင့် နားမလည်နိုင်ဖြစ်နေရတော့သည်။
……………………..
“ ဒါဆို အဲ့လူက မမ ကို ဗလိုင်းကြီး နမ်းသွားတာပေါ့…..”
“အင်း ……….”
“ အဲ့လူက တော်တော်ကို သတ္တိရှိတာပဲ…… ငါတို့ရဲ့ မာနမင်းသမီးလေးကို First Impression မှာတင် နမ်းရဲ့တာ ....”
“တော်ပါတော့ အဲ့လူအကြောင်း ဆက်မပြောရအောင် ပြန်ပြောရင် ပြန်စိတ်တိုတယ်....”
ဆူးခက်ခက် တစ်ယောက် ညီမဖြစ်သူ နှင်းခက်ခက် နဲ့ Vedio Call ပြောရင်း သူမ တစ်ယောက်တည်း သီးသန့်နေထိုင်ရာ ကွန်ဒိုသို့ တိုက်ခန်းတံခါးကိုဖွင့်ပြီး အထဲသို့ဝင်လာခဲ့သည်။ အထဲသို့ရောက်သော် သူမစီးထားတဲ့ ၅ လက်မခွဲ ဒေါက်ကို ညီညာစွာချွတ်လိုက်ပြီး အိမ်ထဲစီး ဖိနပ်အကြမ်းကို ဖိနပ်စင်ပေါ်မှချကာ အထဲသို့ ဝင်လာခဲ့သည်။
ဆိုဖာပေါ်သို့ သူ့လက်ကိုင်အိတ်ကို ပစ်တင်လိုက်ကာ သူကိုယ်တိုင်လည်း ဆိုဖာပေါ်သို့ လှဲချလိုက်တော့သည်။
“ နင်ရော အဲ့မှာ အဆင်ပြေတယ်မလား ဒီနိုင်ငံထက်တော့ ပိုအေးမှာပဲ … ဘာလိုသေးလဲ…. ငွေလိုရင်လည်း ပြောဦး …. ငါ့ကို အားမနာနဲ့……အခု ငါလုပ်နေတဲ့ အရာတွေအားလုံးက နင်နဲ့ မင်းမျိုးရာဇာ အတွက်ပဲ…….”
YOU ARE READING
Stay In My Heart
Romanceအချစ်ဦးရဲ့ နှလုံးဖြင့် အသက်ဆက်ရှင်နေသော အချစ်ဆုံး အကြောင်း။