“ဘာလို့ဆို…..အနည်းဆုံးတော့ မင်းရဲ့ စိတ်ထဲ ကိုယ်ရှိနေသေးတယ်လေ……”
မာန် ရဲ့ ပေါင်ပေါ်မှာထိုင်နေမိတဲ့ ဆူးတစ်ယောက် မာန် ရဲ့ မျက်ဝန်းထဲက အဖြေကို ရှာဖွေနေမိသည်။ ဘဝတစ်လျှောက်လုံး နာကျင်မှုတွေ ခါးသီးမှုတွေနဲ့ ပြည့်နှပ်နေခဲ့တဲ့ ဆူးလို လူတစ်ယောက်အတွက် ယုံကြည်မှုဆိုသော အရာမှာ ရှားရှားပါးပါးအရာတစ်ခုဖြစ်သည်။ မာန် ကို မသိစိတ်မှ ယုံကြည်ချင်မိပါသော်လည်း သိစိတ်မှ လက်မခံချင်ပေ။
“ဆူး………. ကိုယ် မင်းစိတ်ထဲ တစ်လှမ်းဆီတစ်လှမ်းဆီ လှမ်းလာပြီး မင်းစိတ်ထဲမှာ ဖြေးဖြေးချင်း နေရာယူမယ်ဆို…. မင်းလက်ခံမလား…….”
မာန် ရဲ့စကားများဟာ ဆူးရဲ့ နှလုံးသားကို နွေးထွေးမှု ဖြစ်စေသော်လည်း ဆူး လို လူတစ်ယောက်အတွက်တော့။
“ ကျွန်မ ဘယ်သူ့ကိုမှ မယုံဘူး……. ရှင့်လို စီးပွားပြိုင်ဘက်တစ်ယောက်ကို ပိုလို့တောင် မယုံဘူး….စိတ်ကူးဆိုတဲ့ အရာကို စိတ်ကူးဆိုရုံလောက်နဲ့ ရပ်တန့်လိုက်တော့…..”
ဆူး မာန့် ပေါင်ပေါ်မှ ထထွက်သွားသည်။
မာန် လည်းချက်ချင်း လိုက်လာခဲ့ပြီး ဆူး ရဲ့ အနောက်မှ အတင်းထွေးဖက်လိုက်ပြီး မျက်စိစုံမှိတ်ကာ မိမိ နှလုံးသားထဲမှ ရင်ခုန်သံကို နားဆင်ရင်း ဆူး ရဲ့ နားဝသို့ကပ်ကာ။
“ကိုယ်မင်းကို သဘောကျ နေမိပြီထင်တယ်ဆူး…… အကြိမ်ကြိမ် အခါခါ ဇေကြီး ရဲ့ နှလုံးသားကို အပြစ်ပုံချခဲ့ဖူးတယ်…..တကယ်တမ်းတော့ အဲ့ဒါအမှန်ဟုတ်မနေဘူး….”
“ အပြစ်ပုံချတယ်ဆိုလည်း…..ဆက်အပြစ်ပုံချလိုက်ဦး….. ရှင် နဲ့ ကျွန်မနဲ့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး….”
မာန် ရဲ့ လက်တွေကို ဆူး ဖယ်ချပြီး ထွက်သွားရန်လုပ်လိုက်သည်။ မာန် လက် ဒဏ်ရာရထားတာကြောင့် မာန်လည်း ငြီးငြူမိသည်။
“အား……………”
“ရှင် လက်ထိသွားတာလား…………”
ဆူး မှာ ပြာပြာသလဲဖြင့် မာန် ရဲ့ နာကျင်မှုကို အရေးတယူပြုနေမိသည်။ ထိုအခွင့်ရေးကို မာန်မှာမိမိရရ ဆုတ်ကိုင်ကာ ဆူး ကို ထွေးဖက်လိုက်ပြီး….
YOU ARE READING
Stay In My Heart
Romanceအချစ်ဦးရဲ့ နှလုံးဖြင့် အသက်ဆက်ရှင်နေသော အချစ်ဆုံး အကြောင်း။