“ ကိုဇေ နှလုံးသားက မာန့်ဆီမှာ……..”
ထိုအချိန်၌ ဆူး ဟာ မာန် မိမိ ကို မေးဖူးတဲ့ “နှလုံးသားမျာ မှတ်ညာဏ်ရှိတယ်ဆိုတာ ယုံလား …. ခင်များကို ချစ်တဲ့ လူရဲ့ နှလုံးသားက တခြားလူတစ်ယောက်ရဲ့ နှလုံး သားအဖြစ်နဲ့ ဆက်လက်ရှင်သန်နေတဲ့ အခါမျိုးမှာ….” စတဲ့ စကားအပိုင်းစတို့ဟာ ဆူး ရဲ့ နားထဲ အပြန်ပြန် ကြားယောင်နေမိသည်။ ဆူး ခေတ္တ တုံ့ဆိုင်းသွားခဲ့သည်။ ကိုဇေ ရဲ့ ခန္ဓာကိုယ်ဟာ ဒီကမ္ဘာလောက၌ ပျောက်ကွယ်သွားပြီဆိုသော်လည်း ဆူး ရဲ့ မှတ်ညာဏ်ထဲက ကိုဇေ ရဲ့ ပုံရိပ်ဟာတော့ဖြင့် မပျောက်ကွယ်နိုင်သေးပါ။
ညနေဆည်းဆာ ဟာ ကောင်းကင်းယံကြီးထက်၌ ထိန်လင်းစွာ စီခြယ်ထား၏။ ထိုကောင်းကင်ယံကြီး နဲ့ မြက်ခင်းပြင်ကျယ်ကြီးတို့ဟာ ထိစပ်လုနီးပါးဟု ထင်ရက်လောက်အောင်ကို တစ်သားတည်းဖြစ်နေခဲ့သည်။ ထိုစိုစွတ်စွတ် မြက်ခင်းပြင်ကျယ်ကြီး ပေါ်တွင် ဆူး ဟာ ဇေယျာမင်းထက်နဲ့ အတူလှဲလျောင်းရင်း ကောင်းကင်ထက်မှ ဆည်းဆာရဲ့ အလှကို ကြည့်နေခဲ့သည်။
ဆူးရဲ့ မျက်ဝန်းတို့၌ ဆည်းဆာရောင်ဟာ ထိန်လင်းကာ သူမ မျက်ဝန်းကို ငေးကြည့်နေသူ ဇေယျာမင်းထက် အဖို့ တစ်ခုခုက ဆွဲငြင်ထားသလို ဖြစ်စေသည်။ ကိုဇေ ဆူး အား တမိန်းတမော ငေးကြည့်နေမိသည်။ ဆူး ကိုဇေ အား အချိန်အတော်ကြာ ငေးကြည့်နေမိသည်။ ကိုဇေ ဆီမှ ဆူး ရဲ့ မျက်ဝန်းများဟာ လွှဲသွားခိုက် ကိုဇေ ရဲ့ မျက်ဝန်း တစ်စုံဟာလည်း ဆူး ဆီသို့ ရောက်လာခဲ့သည်။ ကိုဇေ ဟာ ဆူးကို ပြင်းထန်တဲ့ ညို့မျက်ဝန်းများဖြင့် ငေးကြည့်နေခဲ့ရာမှ ရုတ်တရက် ကိုဇေမျက်ဝန်းတို့ဟာ တစ်ခုခုကြောင့် မျှော်လင့်ချက် ကုန်ဆုံးသွားဟန်ရှိကာ ဆူးဆီမှ မိမိ မျက်ဝန်းများကို ရပ်တန့်လိုက်သည်။
ဆူးမှာတော့ ကောင်းကင်ကြီးကို ကြည့်ရင်း…..
“ကောင်းကင်ကြီးက လှလိုက်တာနော်……နောက်ဆိုလည်း ကိုဇေ နဲ့ အခုလိုပဲ အမြဲတမ်း ဒီလို လှတဲ့ ရှု့ခင်းတွေကို အတူတူသွားကြည့်ရအောင်နော်……”
ကိုဇေ မျက်ဝန်းတို့ဟာ ဝမ်းနည်းသော အမူရာများအဖြစ် ပြောင်းလဲကုန်သည်။
YOU ARE READING
Stay In My Heart
Romanceအချစ်ဦးရဲ့ နှလုံးဖြင့် အသက်ဆက်ရှင်နေသော အချစ်ဆုံး အကြောင်း။