Chapter 3

31 4 0
                                    

ဗွီ.......

ဆူး ရဲ့ အလုပ်ခုံပေါ်ရှိ သူမ ရဲ့ ဖုန်းသို့ ဖုန်းနံပါတ်တစ်ခုတည်းမှ အကြိမ်ပေါင်းများစွာ ခေါ်ဆိုနေခဲ့သည်။ ဖုန်း မျက်နှာပြင်ပေါ်၌ ပေါ်လာသော Contact နံပါတ်မှာ "မော်ကွန်း" ဟု ရေးထားသည်။ ဆူး ဖုန်းလာနေတာကို သိသော်လည်း ထိုဖုန်းအား လျစ်လျူရှု့ပြီး သူမ ရဲ့ ရုံးခန်းပေါ်မှ အောက်ထပ်ရှိ မြို့ပြရဲ့ အလှတရားကို ခံစားရင်း ကော်ဖီတစ်ခွက်အား အေးဆေးစွာပင် သောက်နေခဲ့သည်။

' ငယ်ဘဝ ရဲ့ အမှတ်တရ ဆိုတာ ....တကယ်တမ်းတော့ ထင်ကျန်နေခဲ့တဲ့ အမာရွတ်လိုပဲ.... လက်ရှိမှာ မနာကျင်တော့ပေမယ့် ပြန်မြင်ယောင်မိတိုင်း .... အဲ့ဒီနာကျင်မှုကို ပြန်ပြန်ပြီး ခံစားနေမိတယ်...... ကျွန်မ ဘဝမှာ လောကဓံ ကပေးတဲ့ ဒဏ်ရာတွေ အများကြီးရှိတယ်......မိသားစု ကြောင့် ရတဲ့ ဒဏ်ရာတွေ....အလုပ်ခွင်မှာ အဆင်မပြေမှု ဒဏ်ရာတွေ......ပြီးတော့ ..........ဟူး...... ကိုဇေ ရှင်ကလေ ....ကျွန်မ အတွက်တော့ ချိုမြိန်တဲ့ အမှတ်တရကောင်းတွေ ကို ဖန်တီးပေးနိုင်တဲ့ သူ လည်း ဖြစ်သလို .... အချစ်ဆိုတဲ့ အရာကို နောက်ထပ်မခံစားချင်တော့အောင် ... ဖန်တီးခဲ့တဲ့ ဒဏ်ရာဆိုလည်း မမှားဘူး .... ကျွန်မ ရှင်ကို့ အခုထက်ထိ ချစ်နေသေးတာလား.... ဒါမှမဟုတ် .... ရှင်က ကျွန်မ ဦးနှောက်ထဲက ထင်ကျန်နေတဲ့ စွဲလန်းမှု တစ်ခုလား .... ကျွန်မလည်း မသိတော့ဘူး.... သေချာတာတစ်ခုကတော့ .... နောက်ထပ် ကျွန်မ ဘယ်သူ့ကိုမှ ချစ်လို့မရတော့ဘူးဆိုတာပဲ......'

အတွေးများဟာ လေထဲမြောလွင့်ရင်း ဆူး တစ်ယောက် အတိတ်မှ နာကျင်မှုများကို ပြန်လည် တမ်းတနေမိသည်။ ကော်ဖီတစ်ခွက်ဟာလည်း အေးစက်လာခဲ့ပြီ ။ မြည်နေသော ဖုန်းသံမှာလည်း ရပ်တန့်၍ မသွားသေးပါ။ မြည်နေသော ဖုန်းသံကို အာရုံထဲမထည့်ဘဲ အေးစက်သွားသော ကော်ဖီတစ်ခွက်ကိုသာ ဆူး တစိမ့်စိမ့် သောက်သုံးနေခဲ့သည်။ ဆူး ဟာ သူသောက်သုံးနေတဲ့ ကော်ဖီတစ်ခွက်လိုပဲ သိပ်ကို အေးစက်လွန်းလှသည်။

ဒေါက်ဒေါက်......

အပြင်ဘက်မှ တံခါးခေါက်သံကြားသော် လက်ထဲက ကော်ဖီခွက်အား စားပွဲပေါ်ချလျှက် ။

Stay In My Heart Where stories live. Discover now