‘ မင်း နှလုံးသားက ငါ့ခန္ဓာကိုယ်ထဲမှာတောင်မှ မင်းချစ်တဲ့ သူကို လိုက်ရှာနေတာ ….ငါတောင် ငါ့ကိုယ်ငါ အထင်မှားမိတော့မလို …..”
မာန် ကြောင်တောင်ကြီးဖြစ်နေခဲ့သည်။ ထိုမိန်းကလေး ကိုသာ ငေးကြည့်နေမိပြီး ထိုမိန်းကလေး အတွက် ရှင်သန်နေတဲ့ ရင်ခုန်သံများဟာ ဗြောင်းဆန်နေကုန်ပြီဖြစ်သည်။ မိမိ ကိုယ်တွင်းအင်္ဂါအစိတ်ပိုင်းထဲ ရှိနေသော ဇေယျာမင်းထက်ရဲ့ နှလုံးသားဟာ ထိုမိန်းကလေးကြောင့် ဆန္ဒထုတ်ဖော်နေခဲ့ပြီဖြစ်သည်။
“ ကိုမာန် … ကိုမာန် …. ကြောင်တောင်ကြီး ဘာဖြစ်နေတာလဲ….”
“ ဘားမှမဖြစ်ပါဘူး …….ဟူး…………”
ဆန်းကြယ်လွန်းလှတဲ့ ကံကြမ္မာကို မာန် တအံ့တဩဖြစ်မိနေခဲ့ပြီး ပြောစရာစကားများပင် ကင်းမဲ့နေခဲ့သည်။
“ ဧက ….. ဒါဆို ဒီကောင်မလေးက …..မင်း အကို ရဲ့ ချစ်သူပေါ့…..”
“ ချစ်သူတော့ မဟုတ်ခဲ့ပေမယ့်….. ကိုကြီးဇေဇေ ရဲ့ နှလုံးသားထဲ မှာတော့ သူ အမြဲ ရှိနေခဲ့တယ်ဆို မမှားဘူး…..”
“ဒါ့ကြောင့်ကို………….”
“ ဘာလို့လဲ…… ကိုမာန် လည်း မမ နဲ့ ပတ်သက်ပြီးတစ်ခုခုကို ခံစားမိလို့လား…………”
“ဟင့်အင်း……..မင်း အခု သူ့ကို ဘယ်ပြန်ပို့မှာလဲ…… သူ့အိမ်ကိုရောသိလို့လား……”
“ ဟင့်အင်း ……..မသိဘူး … ကျွန်တော် နဲ့ မမ မတွေ့ဖြစ်တာ အတော်ကြာပြီ….”
“ ဒါဆို မင်း သူ့ကို ဘယ်ပို့မှာလဲ… သူ့ပုံစံကြည့်ရတာ ….တော်ရုံနဲ့သတိပြန်ရလာမယ့် ပုံမပေါ်ဘူး…..”
“ ကျွန်တော် အိမ် ခေါ်သွားလိုက်မယ်……”
“မင်းအိမ်……..သင့်တော်ပါ့မလား………”
“ မသင့်တော်ဘူး ဆိုရင် … ကိုမာန် ခေါ်သွားပေးမလား …..”
“ ငါနဲ့ သူနဲ့မှမသိတာ … ငါခေါ်သွားလိုက်ရင် ငါ့ကို သက်သက်မဲံ အထင်လွဲသွားမှာပေါ့…..”
“အဲ့တာကြောင့်လေ…. ကျွန်တော် က သောက်ထားသေးတော့ ကားမောင်းလို့မရဘူး ….. ကိုမာန် ကျွန်တော် အိမ်ကို လိုက်ပို့ပေး…”
YOU ARE READING
Stay In My Heart
Romanceအချစ်ဦးရဲ့ နှလုံးဖြင့် အသက်ဆက်ရှင်နေသော အချစ်ဆုံး အကြောင်း။