Chapter 9

25 2 0
                                    

မိုးများ တဖြောင်းဖြောင်းဖြင့် ကမ္ဘာမြေပြင်ပေါ်သို့ပြင်းထန်စွာကျဆင်းနေခဲ့သည်။ ရုံးခန်းထဲက စားပွဲပေါ်၌ စီးပွားရေး မဂ္ဂဇင်း တစ်ခုကို ဖွင့်ထားပြီး ထိုမဂ္ဂဇင်း၌ ဆူးခက်ခက် ရဲ့ ပုံဟာ ပါဝင်နေခဲ့သည်။ ပူပူနွေးနွေး ကော်ဖီခါးခါးလေး တစ်ခွက်အား ဆုတ်ကိုင်ရင်း  ကဗျာဆန်စွာ ရွာသွန်းနေသော  မိုးရေစက်များအားမျက်မှန်နဲ့ကောင်လေးဟာငေးကြည့်ရင်းဟိုတစ်နေ့က   ကောင်မလေးအား ထူးဆန်စွာဖြင့်  တမ်းတနေမိသည်။

‘ အဲ့ကောင်မလေး နဲ့ တိမ်တမာန် က ဘယ်လိုပတ်သက်မှုမျိုးလဲ… တိမ်တမာန်မှာ ချစ်သူ ရှိတယ်လို့လည်း ငါ မကြားမိပါဘူး…. သူက ဘယ်သူလဲ…....’

ဆူး ရဲ့ ချစ်စဖွယ် အမူရာများကို ပြန်လည် မြင်ယောင်ရင်း နေ တစ်ယောက် ပြုံးနေမိသည်။

ဒေါက်ဒေါက်…..

ရုံးခန်းအပြင်ဘက်မှ တံခါးခေါက်သံကြောင့် မှန်မျက်ကိုင်းလေးနဲ့ ကိုလူချော သူ့မျက်နှာပေါ်က အပြုံးများကို ရပ်တန့်လိုက်ပြီး ။

“ ဝင်ခဲ့ချည်………”

“ ဥက္ကဌကြီး အပြင်မှာ ဦးမျိုးမြင့်ရွှေ…..စောင့်နေပါတယ်…….”

“ အင်း…………”

လက်ထဲက ကော်ဖီအား အေးဆေးစွာ ဆက်လက်သောက်သုံးနေခဲ့သည်။

“ ဦးမျိုးမြင့်ရွှေ ကို ကျွန်တော် ပြန်လွှတ်လိုက်ရမလား…..”

“ မလွှတ်နဲ့ ….. ဆက်စောင့်ခိုင်းထားလိုက်…..”

“ ဗျာ……. ဦးမျိုးမြင့်ရွှေ စောင့်နေတာလည်း အတော်ကြာပြီဆိုတော့……”

“ကိုယ့် လူကို သစ္စာဖောက်ပြီး ပြိုင်ဘက်ကုမ္ပဏီနဲ့ ပူးပေါင်းချင်တဲ့ သစ္စာဖောက်တစ်ယောက် အတွက် ……အဲ့လို ဆက်ဆံတာက တန်ပါတယ်…… သူ့ကို ဆက်စောင့်ခိုင်းထားလိုက်ပါ… သူ မစောင့်နိုင်ဘူး ပြန်မယ်ဆိုလည်း ပြန်ပါစေပေါ့….…”

“ ဟုတ်ကဲ့……..”

ဝန်ထမ်းလေး ပြန်လည်ထွက်သွားခဲ့သည်။  မျက်မှန်ကိုင်းနဲ့ ကိုလူချောလေး ဆက်လက်ပြီး ကော်ဖီကို အေးဆေးသောက်နေတော့သည်။

Stay In My Heart Where stories live. Discover now