Chapter 8

16 1 0
                                    

‘ကျွန်မ သိပ်ကို ပင်ပန်းနေပြီ…. လောကဓံကြီးက ပေးတဲ့ တရားမျှတမှုဆိုတာ ကရော…. ကျွန်မ အတွက် ဘယ်မှာလဲ…..’

        Bar ထဲ အရက်ပုလင်းများထဲက အရက်များကို ငှဲ့ရင်း သောက်ရင်း သူမစိတ်များဟာ လွင့်မြောနေသည်။ ဆူးခက်ခက် တက္ကသိုလ် တတိယနှစ်လောက်ကဖြစ်လိမ့်မည်။ ဒေါ်မြစန္ဒာ နဲ့ ဦးဌေးစိန် တို့ရဲ့ အိမ်ထောင်ရေး အဆင်မပြေလည်မှုများကြား၌ ဆူးခက်ခက် အား လောကဓံမှ မုန်တိုင်း စတင်ပျိုးလိုက်ခြင်း အချိန်းပေါ့။

ခွမ်!!!!!!!!

             ဦးဌေးစိန်ဟာ သူ့လက်ထဲ ဆုတ်ကိုင်ထားတဲ့ ဘီယာပုလင်းအား ထမင်းစား စားပွဲပေါ်သို့ စောင့်ချလိုက်ရာ အရှိန်ကြောင့် ဘီယာပုလင်း ရဲ့ ဖင်မှ စပြီး အစိတ်စိတ်ကွဲကြေသွားခဲ့သည်။ ဖန်ကွဲစများဟာလည်း ဘေဘီသို့ အစိတ်စိတ် အမြွှာမြွှာဖြင့် လွင့်စင်ကုန်သည်။

“ နင် ရဲ့ ရှယ်ယာတွေကို နင် ဘာလုပ်လိုပ်တာလဲ ….. ပြီးတော့ ငါ နင့်ကို ဆင် ထားတဲ့ လက်ဝတ်ရတနာတွေရောပဲ…. နင် ငါ့ပိုက်ဆံတွေကို ဘာလုပ်လိုက်တာလဲ……”

“ လင်နဲ့ မယားပဲ သူ့ပိုက်ဆံ ငါ့ပိုက်ဆံဆိုတာ ရှိသေးလို့လား…… အဲ့တော့ ဘယ်ရောက်တယ် ဘယ်ပေါက်တယ်ဆိုတာ မပြောချင်ဘူး… ကိုဌေးစိန်ရယ်……”

“ ဒီလောက်များတဲ့ ငွေပမာဏကို မင်း ဘယ်မှာသုံးလိုက်တယ်ဆိုတာ… ငါကို ပေးမသိချင်ရအောင် မင်းက လင်ငယ်ကို အမ်းလိုက်လို့လား……”

“ ရှင် ကျွန်မကို မစွပ်စွဲနဲ့ ……..ကျွန်မ က အဲ့လို သိက္ခာမရှိတဲ့ မိန်းမ မဟုတ်ဘူး…ရှင်သာ ရှင့် အတွင်းရေးမှူး လဲ့လဲ့ ဆိုတဲ့ ဟာမ နဲ့ မရှင်းမရှင်းဖြစ်နေတာ….မဟုတ်လား…..”

“ မြစန္ဒာ ….. နင် ပါးစပ်ကို ပိတ်လိုက်တော့နော်……”

“ ဘာလဲ အနာပေါ် တုတ်ကျသွားတာလား……..”

“ မင်း ကို ငါမေးနေတာ ငါ့ငွေတွေ ဘယ်ရောက်သွားတာလဲ ………”

“မရှိတော့ဘူး………အကုန် ကုန်ပြီ……”

“ ဘာ….. ဒီလောက် ငွေ အများကြီးကို…….မင်း ဘာလုပ်လိုက်တာလဲ…….”

Stay In My Heart Where stories live. Discover now