Chapter 4

26 4 0
                                    

“ ဆူး တို့ လမ်းခွဲရအောင်…..”

“ ဘာ………. ဆူး ကိုယ့်ကို နောက်နေတာလား…..”

“ ဆူး ဘယ်တုန်းက  စနောက်ကျီစယ် ဖူးလို့လဲ…..လမ်းခွဲရအောင်…..”

မော်ကွန်းတစ်ယောက် ဆူး ရဲ့ စကားများကြောင့် မျက်နှာပျက်သွားခဲ့သည်။ မော်ကွန်း ရဲ့ မျက်နှာ၌ စိတ်ဆိုးဒေါသထွက်ခြင်းကြောင့် မီးဖွားစများ တစ်စစ ဖြင့် ပေါက်ထွက်နေခဲ့သည်။

“ ဘာလို့လဲ……. ငါ့ မင်း အပေါ် ဘာများ အမှားလုပ်ခဲ့လို့လဲ……”

ဆူး ရဲ့ မျက်လွှာကလေးဟာ အောက်သို့ငုံချလိုက်သည်။

“ ဆူး ရှင့်ကို မချစ်ဘူး … ချစ်လို့လည်း မရဘူး …..အဲ့တော့ ခံစားချက်မပါတဲ့ Relationship အတွက် ဆူး ရဲ့ အချိန်တွေကို ဖဲ့မပေးနိုင်ဘူး…..ဆူး ကို နောက်ထပ် ထပ်ပြီး မဆက်သွယ်ပါနဲ့…..”

ဟိုတယ် အဝ၌ပင် ဆူး မော်ကွန်းအား ပစ်ချခဲ့သည်။ ရင်ဝမှ ဒေါသကြောင့် မော်ကွန်းလက်သီးများ ဆုတ်ကိုင်ရင်း ကျယ်လောင်စွာဖြင့် အော်ခေါ်သည်။

“ ဆူးခက်ခက်………”

မော်ကွန်းရဲ့ အသံကြောင့် ဟိုတယ်ရှိ ဝန်ထမ်းများနှင့်အတူ ဧည့်သည်များရဲ့ အာရုံဟာလည်း ဆူး တို့ရှိရာသို့ ကြည့်လာကြသည်။

“ မင်းကိုယ် မင်း သိပ်ပြီး အထင်မကြီးနေနဲ့ ….. မင်းတော်တယ် တတ်တယ် လှတယ် …ဟုတ်တယ် အဲ့အရာတွေသာ ဖယ်လိုက်ရင် .. မင်းဆိုတဲ့ မိန်းမက ဘားမှမဟုတ်တော့ဘူး…. မာနကြီးပြီး ရိုင်းစိုင်းတဲ့ မင်းလိုမိန်းမ မျိုးနဲ့ လမ်းခွဲရတာ ငါ့မှာ ဘာလွမ်းစရာရှိလဲ…. မလွမ်း ဘူး ဆူးခက်ခက်…. မင်းလို အကြင်နာတရား ခေါင်းပါးတဲ့ မိန်းမမျိုးကို ငါကလွဲလို့ ဘယ်သူမှ ယူချင်မှာ မဟုတ်ဘူး…..ကိုယ့် ကိုယ်ကို သိပ်ပြီး ဟုတ်လှချည်မထင်နေနဲ့….. ”

ဆူး ရဲ့ မျက်နှာဟာ အေးစက်လွန်းလှသည်။ ဆူး ရဲ့ မျက်နှာသာ အေးစက်သည်မဟုတ် ဆူး ရဲ့ နှလုံးသားဟာလည်း အလွန်တရာကိုပင် အေးစက်လွန်းသည်။ သူမရဲ့ မျက်တောင်ကော့ကော့လေးဟာ မော်ကွန်းရှိရာသို့ လှည့်လာသည်။ အေးစက်သော လေစိမ်း စိမ်းစိမ်းနဲ့…

Stay In My Heart Where stories live. Discover now