“ကြည့်ရတာ သူအတွက် မင်းက အပြင်လူသက်သက်ပဲထင်တယ်……”
“မင်း နဲ့ မဆိုင်ဘူး……”
မာန် ဆုတ်ကိုင်ထားတဲ့ နေ ရဲ့ အင်္ကျီကော်လံကို လွှတ်လိုက်သည်။ မာန် စိတ်ထဲ ကသိကအောက်ဖြစ် မိသလို မာန် ဆူးအား နားမလည်နိုင်ဖြစ်ရသည်။
“ ဆူးခက်ခက် နားမှာ မင်းကို ထပ်မမြင်ချင်ဘူး……”
မာန် ထွက်သွားခဲ့သည်။
“တိမ်တမာန် ငါကတော့ မင်း ကို ကတိမပေးနိုင်ဘူးနော်..... ဘာလို့လဲဆိုတော့ မင်းပိုင်ဆိုင်တာ အားလုံး ငါပိုင်အောင်လုပ်မှာမို့.....”
မာန် မသိချင်ယောင် ဆောင်လျှက်သာ ထွက်သွားခဲ့သည်။
‘ဆူးခက်ခက် မင်းဘာတွေ လျှောက်လုပ်နေတာလဲ……မော်ကွန်းလိုကောင်က မင်းအတွက် အဆိပ်တောက်ဖြစ်စေတဲ့ အကောင်ဆိုတာ မသိဘူးလား…..’
မာန် ဆူးခက်ခက် ကို တွေ့ချင်ဇောဖြင့် ဆေးရုံအနှံ့ရှာဖွေနေခဲ့သည်။
ဆူးခက်ခက် ရဲ့ ဖုန်းအား အဆက်မပြတ်ဆက်သွယ်နေခဲ့ပါသော်လည်း ဆူးခက်ခက်မှာ ဖုန်းမကိုင်ပါ။ သူမ ဘာဖြစ်နေပြီလဲ….? ယခု သူမ အဆင်ရောပြောရဲ့လား…..?စတဲ့ တစ်ဖက်သက် စိုးရိမ်စိတ်များဟာ မာန် ရဲ့ ရင်ကို ပူလောင်စေသည်။ ဆုံးရှုံးရတော့မည်ကို ကြောက်တာလား…? သူမ မပျော်ရွှင်တဲ့ ဘဝနဲ့ တစ်သတ်လုံး ပူလောင်သွားမည်ကို ကြောက်သည်လား…? မာန်ကိုယ်တိုင်လည်း နားမည်နိုင်တော့ပါ။
………………
အကောင်းဆုံး နှင့် အပြင်းဆုံး ဝိုင်နီပုလင်းထဲမှ ဝိုင်နီများကို တစ်ခွက်ပြီးတစ်ခွက် ဆူး ငှဲ့ရင်း စိတ်ထဲမှ ပူလောင်မှု ၊ မွှန်ကြပ်မှုနဲ့ နာကျင်မှုများကို ဝိုင်နီတစ်ခွက်ဖြင့် ဖြေသိမ့်နေခဲ့သည်။ ရှေးဟောင်း မြန်မာသံစဉ် သီချင်းတစ်ပုဒ်ကို ဖွင့်ထားခဲ့ပြီး ဆူးစိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သည်။ ဆူး ဘေးမှ ဖုန်းတွင်လည်း မာန် ဟာ အဆက်မပြတ်ခေါ်ဆိုနေခဲ့ပြန်သည်။ ဆူး သူမရဲ့ ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး မာန် ခေါ်ဆိုနေသည်ကို သိသော်လည်း သူမ မကိုင်ပါ။ ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး….
YOU ARE READING
Stay In My Heart
Romanceအချစ်ဦးရဲ့ နှလုံးဖြင့် အသက်ဆက်ရှင်နေသော အချစ်ဆုံး အကြောင်း။