မာန် နဲ့ နေ တို့ ဆူး ရဲ့ ဧည့်ခန်းထဲ၌ မျက်နှာချင်းဆိုင် ထိုင်လျှက် တစ်ယောက်ကို တစ်ယောက်ရန်လိုသော အပြုမူမျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။ ဆူး ရေဗူးများကို သယ်လာခဲ့ပြီး။
“ကလေးလည်း မဟုတ်ဘဲ… ဘာဖြစ်နေကြတာလဲ…….ရေသောက်လိုက်ကြဦး……”
“ဆူး………….”
မာန်မှာ ဆူး ကို မကျေနပ်စွာဖြင့် ကြည့်လျှက်။
“ဒီကောင်က ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ……”
“ ကျွန်မ အိမ်ကို ကျွန်မ ဧည့်သည်ခေါ်လာတာ… မှားလို့လား….ပြီးတော့ ရှင် နဲ့ ရော ဘာဆိုင်လို့လဲ……မနက်က ကျွန်မ ရှင့်ကို တစ်ခါတည်းပြောပြီးသာ မဟုတ်လား…. ကျွန်မအိမ်ကို မဖိတ်ခေါ်ပဲ မလာပါနဲ့ ဆိုတာလေ……ရှင် မမှတ်ထားဘူးလား…….”
“ဆူး မင်းကိုယ့်ကို …..တကယ်ပဲ မလာစေချင်တာလား………..”
“ကျွန်မ လာပါလို့ ပြောမိလို့လား… ဒီမှာ ကိုတိမ်တမာန် ….. ရှင် နဲ့ ကျွန်မနဲ့က ဘယ်လို ပတ်သက်မှုမှမရှိတဲ့ လူနှစ်ယောက်… အခုလို ရှင် ကျွန်မအိမ်ကို ဝင်လိုက်ထွက်လိုက်လုပ်နေရင်…. ကျွန်မ အတွက် အဆင်မပြေဘူး……”
နေ မှာတော့ ဆူး ရှေ့၌ အဆူခံနေရတဲ့ မာန် ကို ကြည့်ပြီး ကြိတ်ပြုံးပြုံးမိသည်။ မာန် မှာတော့ သူများရှေ့ ပို၍ဆိုးသည်မှာ မိမိ ကို ရန်သူတစ်ယောက်လို သဘောထားတဲ့ နေ လို လူရှေ့ ယခုလို ပစ်ပစ်ခါခါပြောခံရသည်ကို မာန် မကြိုက်ပါ။
“မင်း ဘာရယ်တာလဲ………..”
“သူများတွေရှေ့ တလက်လက် တောက်ပနေတဲ့ သူဌေးကြီး တိမ်တမာန်မှာလည်း ဒီနေ့လို နေ့မျိုး ရှိလိမ့်မယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ….မင်း အခုလို ကြောင်ပေါက်လေးလို ဖြစ်နေတဲ့ ပုံစံကို ငါ သဘောကျမိလို့ပါ……..”
မာန် မျက်နှာတည်တည်ကြီး ဖြစ်သွားသည်။ မာန် အတော်လေး ရှက်သွားဟန်ရှိသည်။ သက်ကို ပြင်းပြင်း ရှူရှိုက်ရင်း ဆူး ရဲ့ တိုက်ခန်းထဲမှ ချက်ချင်းထွက်သွားခဲ့သည်။
“ကိုနေ လည်း ရေသောက်ပြီး ရင် ပြန်ပါတော့… ဆူး အေးဆေး နားချင်နေပြီ…..”
YOU ARE READING
Stay In My Heart
Romanceအချစ်ဦးရဲ့ နှလုံးဖြင့် အသက်ဆက်ရှင်နေသော အချစ်ဆုံး အကြောင်း။