“ မင်း နဲ့ ငါ ရဲ့ ရေစက်ပါတယ်ထင်တယ်….. တစ်နေရာမဟုတ် တစ်နေရာမှာ အမြဲဆုံဖြစ်တယ်နော်……”
“ ပါတယ်ဆိုလည်း အဲ့ရေစက်က … ရေစက်ဆိုးပဲ ဖြစ်မှာ…….ပြီးတော့ ရှင့်နဲ့ ရေးစက်ဆိုးတောင် ကျွန်မ မပါချင်ဘူး…..”
ဟိုတစ်နေ့ ပါတီညက လုပ်သွားတဲ့ မာန် လုပ်ရက်ကို ဆူး ယခုထက်ထိတိုင် မကျေနပ်ဖြစ်တုန်းပင်ဖြစ်သည်။ မာန် ရဲ့ မျက်နှာကို စေ့စေ့တောင်မကြည့်ချင်ပါ။
“ Mr.John အဆင်ပြေတယ်ဆိုလည်း …. ဆူး ကို ခွင့်ပြုပါဦး …..”
ဆူး တစ်ယောက် မာန်ကို မျက်စောင်းလေးချီလျှက် ထွက်သွားသည်။
ထွက်ခွာသွားတဲ့ ဆူး ကို မာန် ခပ်ပြုံးပြုံးလေးဖြင့် ကြည့်ရင်း ငေးမောနေမိသည်။
“ ထိုင်ပါဦး …..”
Mr.John ရဲ့ အသံကို ကြားမှ မာန် မျက်နှာပိုးသတ်ကာ ဝင်ရောက်ထိုင်လိုက်သည်။ စားပွဲထိုးကောင်မလေးတစ်ဦးဟာ မာန်ဘေးသို့ရောက်လာသည်။ မာန်လည်း ထုံးစံအတိုင်း သူသောက်နေကျ အမေရိကာနိုပူပူလေးတစ်ခွက်ကိုပဲ မှာဖြစ်ခဲ့သည်။
“ ကျွန်တော် ကမ်းလှမ်းထားတဲ့ ပရောဂျက်ကို Mr. John ဘယ်လိုသဘောရလဲ ….. Mr. John သာ လက်ခံတယ်ဆိုရင် ကျွန်တော်တို့ ဘက်က စာချုပ်ချုပ်ဖို့ အဆင်သင့်ပဲ…..”
“ ကျွန်တော့် သဘောအရဆို မာန် တို့ ဘက်က …. နည်းနည်းလောက် ကမ်းလှမ်းထားတဲ့ ရှယ်ယာ ပမာဏ တိုးပေးလို့ရမလား ….. ကျွန်တော်တို့ ကုမ္ပဏီဘက်က ….. Infinity Hotel ကြီးတစ်ခုလုံးကို Changes ဖြစ်အောင် ပြန်လည် မွမ်းမံပေးတဲ့ စရိတ်တွေအတွက်ရော…. ထည့်တွက်ရမှာဆိုတော့ …..”
မာန် တစ်ယောက် ဖိုင်တွဲတစ်ခုကို Mr.John အားပေးလိုက်သည်။
“ ဒါက ……”
“ ကြည့်ကြည့်ပါ …….”
Mr. John ဖိုင်တွဲကို ဖွင့်ကြည့်နေတုန်း စားပွဲထိုးကောင်မလေးက မာန် ရှေ့၌ ကော်ဖီတစ်ခွက်ကို လာချပေးသည်။
“ ကျွန်တော်တို့ ဘက်ကတော့ …. ခင်များတို့ ကုမ္ပဏီကို ရှယ်ယာ ၅ % ထက်ပိုပြီး မပေးနိုင်ဘူး …. အဲ့ဖိုင်ထဲက ကုမ္ပဏီလေးတွေကလည်း … ခင်များတို့ ကုမ္ပဏီထက် မကြီးပေမယ့် ….သူ့တို့ရဲ့ အရည်သွေးနဲ့ အရည်ချင်းကလည်း မခေဘူး…..၅ % ဆိုတဲ့ ပမာဏက နည်းတဲ့ ပမာဏမဟုတ်ပါဘူး …… ကျွန်တော်တို့ နဲ့ လက်တွဲပြီး ဒီ Heaven နဲ့လက်တွဲမယ်ဆိုလည်း ကျွန်တော် မတားပါဘူး … ဒါပေမယ့်ပေါ့ ကျွန်တော်တို့ နဲ့ လက်တွဲပြီး ကျွန်တော်တို့ ကို ပိုပြီး ဦးစားပေးဖို့တော့ လိုတာပေါ့ …. ဒီ Heaven ခင်များကို ဘယ်လိုကမ်းလှမ်းချက်မျိုး ပေးလဲ မသိပေမယ့် …..ကျွန်တော်တို့ နဲ့ လက်တွဲရင် ခင်များတို့ အကျိုး မယုတ်စေရဘူး ဆိုတာ … အာမခံတယ်….”
YOU ARE READING
Stay In My Heart
Romanceအချစ်ဦးရဲ့ နှလုံးဖြင့် အသက်ဆက်ရှင်နေသော အချစ်ဆုံး အကြောင်း။