အဟန့် ဟန့်……
မာန် ချောင်းကြည့်နေရာမှ ချောင်းဟန့်လိုက်သည်။ လူတစ်ယောက်ရဲ့ ချောင်းဟန့်သံကို ကြားလိုက်ရတာကြောင့် ဆူးလည်း အသက်ကို ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူမရဲ့ စိတ်ထဲက နာကျင်မှုများကို ထုတ်ပစ်လိုက်သည်။ အသံလာရာကို လှည့်ကြည့်သည်။
“ သိပ်လည်း လန့်မသွားပါနဲ့……”
မာန် ဆူးဆီသို့ လျှောက်လာသည်။
“မထင်ထားဘူး ….. အားလုံး သိကြတဲ့ မာနခဲ့မလေး ဆူးခက်ခက် ဝမ်းနည်းတာက …ဒီလိုမျိုးလား….. သေချာကြည့်ကြည့်ပါရစေဦး…..”
ဆူး ရဲ့ မျက်နှာလေးရှိရာသို့ မာန်သူ့ခါးကို ကွေးညွှတ်ပြီးကြည့်သည်။
ဆူး စိတ်မကြည်တာကြောင့် မျက်စောင်းလေးဖြင့် မာန် အား မော့ကြည့်သော် ဆူး ရဲ့ မျက်ဝန်းတို့ဟာ မာန် ရဲ့ မျက်ဝန်းများဖြင့် ထပ်တူကျမိသည်။ ဆူး ကတော့ ဘားမှ ဖြစ်သလိုဟန်မရှိသော်ငြားလည်း မာန်မှာတော့ ဆူး ရဲ့ မျက်ဝန်းတွေဟာ သမုဒ္ဒရာထဲ နှစ်မြှုပ်သွားသလို အတိမ်စကို မတွက်ချက်နိုင်တော့ပါ။ ထို ငြိုမျက်ဝန်းတစ်စုံတို့၌ နှစ်မြောနေမိသည်။
“ ရူးနေလား………”
ဆူး မာန် ရဲ့ မျက်နှာကို တွန်းထုတ်ပစ်သည်။
ထိုအခါမှမာန်လည်း ပြုံးစိစိဖြစ်သွားသည်။ အင်္ကျီအိတ်ကပ်ထဲက လက်ကိုင်ပုဝါစကို ကိုင်လိုက်ပြီး….
“ ပါးပေါ်မှာ မိတ်ကပ်တွေပျက်ကုန်ပြီ ……ရော့ မင်း မျက်ရည်တွေကို သုတ်လိုက်ဦး…..”
“ မျက်ရည်………”
ဆူး လည်း ကြောင်တောင်တောင်ဖြင့် မာန် ပေးတဲ့ လက်ကိုင်ပုဝါကို ရုတ်တရက်ယူကာ သူမ ပါးပြင်ကို သုတ်သည်။
“ ဟက် ဟက် ဟက်….ဟ ဟာ ဟား…..”
သူမ ရဲ့ ပုံစံလေးကို ကြည့်ပြီး မာန် စိတ်ပါ လက်ပါရယ်မောနေမိပြန်သည်။
“ ရှင် ကျွန်မကို အရူးလုပ်တာပေါ့လေ…….”
“ ကျွန်တော် မလုပ်ရဲပါဘူးဗျာ……….ဒါနဲ့ ဘာတွေများ ဝမ်းနည်းစရာရှိလို့လဲ…….”
YOU ARE READING
Stay In My Heart
Romanceအချစ်ဦးရဲ့ နှလုံးဖြင့် အသက်ဆက်ရှင်နေသော အချစ်ဆုံး အကြောင်း။