Chapter 1

213 8 0
                                    

“ ခပ်မြန်မြန် လုပ် … ဟိုနားက ကောင်မလေး မြန်မြန် သန့်ကြပါ…. တော်ကြာ နင့် မိထွေးလေး က လာတော့မယ်…. နင်တို့က ဘောနပ်စ် ဖြတ်ခံချင်လို့လား…..ဟိုတစ်ယောက် ပန်းအိုးတွေ မကွဲအောင် သေချာ ကိုင်နော်…..”

“ အယ် ဖြေးဖြေး……..”

ဝန်ထမ်းများထဲမှ လုပ်သက် အကြာဆုံး မိန်းကလေး ရဲ့ အမှာစကားမဆုံးသေးခင်မှာပဲ ဝန်ထမ်းအသစ် မိန်းကလေး ရဲ့ လက်ထဲက ပန်းအိုးဟာ ပြုတ်ကျကွဲကြေသွားခဲ့သည်။

“ နင် ဘယ်လိုလုပ်တာလဲ…. တော်ကြာ နင့် မိထွေးက လာတော့မယ်… အဲ့ပန်းအိုးက ဘယ်လောက်တန်တယ်မှတ်လို့ လက်လွှတ်စပယ် ကိုင်ရတာလဲ…..”

ဝန်ထမ်းမလေးလည်း ခေါင်းငုံစိုက်ချကာ စိတ်ပူနေမိသည်။

“ ဆူးဆက်ဆက် ဆိုတဲ့ မိန်းမက ဘယ်လောက် စေ့စပ်ပြီး ညှာတာမှုကင်းလိုက်လဲ ဆိုတာ နင်မသိဘဲ….သူက သူ့အမေအရင်းကိုတောင်  ပစ်ထားခဲ့တာ နင်တို့ငါတို့လို ဝန်ထမ်းတွေဆိုရင် …..တွေးမနေနဲ့တော့…..”

ထိုစဉ် တခြားဝန်ထမ်းကောင်မလေးတစ်ယောက်ဟာ ခပ်မြန်မြန် ရောက်လာပြီး အားလုံးကို ကြားအောင် ဆော်ဩလိုက်သည်။

“ ဒုဥက္ကဌ လာနေပြီ…..မြန်မြန် နေရာအသင့်ယူကြတော့…….”

ဝန်ထမ်းမလေး ရဲ့ ဆော်ဩလိုက်သံ အဆုံး၌ ဝန်ထမ်းများ အသည်းအသန် အလုအယက်ဖြင့် တန်းစီကြရသည်။ ဟိုတယ်ရှိ ထမင်းစားခန်း အဝင်မှ တစ်လျှောက်လုံး စားဖိုဆောင်မှ ဝန်ထမ်းများ အသင့်အနေထား စီရီထားကြရသည်။

ဒေါက်ဒေါက်…..

မရမ်းဆီရောင် ၅ လက်မခွဲဒေါက်မြင့် ဖိနပ် ၊ မရမ်းဆီရောင် ကိုယ်ကြပ်အင်္ကျီ ၊ ကွေးကောက်နေသော ကျောအလယ်စာမျှရှိသော အညိုရောင် ဆံပင်ရှည် အား နားတစ်ဖက်သို့ ညှပ်၍ စတိုင်ကျကျ အထာမိမိ ဖြင့် ဆူးဆက်ဆက်ဆိုသော မိန်းကလေးဝင်လာသည်။ ဖက်ရှင်သည်သာ မိမိုက်သည်မဟုတ် Body Structure မှာလည်း မိုက်လှသည်။ ဒီခေတ်လို ပိန်ပိန်ပါးပါး ခပ်ပျော့ပျော့ မိန်းကလေးမျိုးမဟုတ် ဗမာ့မိန်းကလေးပြီပြီ လုံးကြီးပေါက်လှဖြစ်သည်။

သူမရဲ့ အကြည့် ၊ သူမရဲ့ လှုပ်ရှားမှုများဟာ လူအများလေးစားရခြင်း၏ သူမရဲ့ ပင်ကိုယ် အရည်ချင်းများကိုလည်း ဖော်ပြနေပြန်သည်။ ဆူးဆက်ဆက် လျှောက်လာရင်း ပန်းအိုးအကွဲစများနေရာသို့ရောက်သော်….

Stay In My Heart Where stories live. Discover now