Chapter 17

7 0 0
                                    

“ကိုဇေ နှလုံးသားက ရှင့်ဆီမှာရှိနေရုံနဲ့… ရှင်က ကိုဇေ ဖြစ်မလာဘူးနော်….. အလကားသက်သက် ကိုဇေ နှလုံးသားကို အပြစ်ပုံမချပါနဲ့…..ကိုဇေ နှလုံးသား ရှင့်မှာရှိတိုင်း ကျွန်မ စိတ်ထဲက သူက ရှင်ဖြစ်မလာဘူး…..”

ဆူး အနောက်သို့ ဆုတ်ရင်း ဆုတ်ရင်း နံရံနဲ့ဆူးရဲ့ ကျောပြင်ဟာ ထိကပ်နေခဲ့သည်။

“ သေချာလို့လား…. မစမ်းကြည့်ဘဲ ဘယ်သိမှာလဲ…..”

မာန် ရဲ့ မျက်လုံးများဟာ ဆူး ရဲ့ မျက်လုံးများ ဖြင့်တည့်ဆိုင်၍နေခဲ့သည်။ မာန် ရဲ့ စူးရှလွန်းတဲ့ မျက်လုံးများကို ဆူး ကြည့်ရင်း စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခုဟာ ဝင်ရောက်လာခဲ့သည်။ ဆူး မာန် ကိုကြည့်နေတုန်းမှာပဲ မာန် ရဲ့ နှုတ်ခမ်းဟာ ဆူး ရဲ့နှုတ်ခမ်းရှိရာသို့ အတင်းတိုးဝင်လာပါသော်လည်း ဆူးမှာ မာန် ရဲ့ ပါးကို ဖြန်း ခနဲ ဦးအောင် အရင်ဆုံးရိုက်ချလိုက်တာကြောင့် မာန် ရဲ့ မျက်နှာဟာ လည်ထွက်သွားခဲ့သည်။

“ရှင် ရူးချင်ရင် တခြားသွားရူး… ကျွန်မ မျက်စိရှေ့ပေါ်မလာစေနဲ့……”

“ဆူးခက်ခက် ငါ မင်းကို တစ်ခုပြောထားမယ်….ဒီနေ့ကစပြီး မော်ကွန်း ဆိုတဲ့ ကောင်နဲ့ အဆက်သွယ်မလုပ်ပါနဲ့……မင်းကို အန္တရာယ်ဖြစ်စေမယ့်ဆိုတာကို သိသိရက်နဲ့….အန္တရာယ်တောထဲ ဆင်းဖို့ငါခွင့်မပြုနိုင်ဘူး……မင်း ဒီထက် ရှေ့ဆက်တိုးမယ်ဆို…. ငါမင်းကို…… ငါမင်းကို…..”

“ ရှင် ကျွန်မ ကို ဘာလုပ်နိုင်မှာမို့လဲ……”

“ပြောမရဘူးလေ…. မင်း သာ အဲ့ကောင်နဲ့ မပတ်သက်ဖို့ဆို…. ဘယ်သူ့မှ မသိသေးတဲ့ တစ်နေရာရာမှာ ဖမ်းချုပ်ထားဖို့ဆိုတာကလည်း…. ဖြစ်လာနိုင်တာပဲ… မယုံရင် စမ်းကြည့်လိုက်လေ……..”

မာန် ပြောပြောဆိုဆိုပြုပြီးနောက် ထွက်သွားခဲ့သည်။

“အား…………….”

ထွက်ခွာသွားတဲ့ မာန် ကို ကြည့်ရင်း ဆူး စိတ်ထဲက စိတ်ရှိလက်ရှိ အော်ဟစ်လိုက်ပြီး။

“အရူးကောင် …. အရူးကောင်……”

ဆူး စိတ်တိုနေမိတော့သည်။

Stay In My Heart Where stories live. Discover now