17(Unicode)

17 1 0
                                    

<<<ငြိမ်းချမ်းရေးပွဲတော် ၂ရက်အလို>>>

''မင်းသား၃ ဟွမ်ကျောက်ရန်နဲ့ မင်းသား၇ လျိိုကျိန်းဝေ........ငြိမ်းချမ်းရေးပွဲကိုသွားရမယ်.........''

''ကောင်းပါပြီခမည်းတော်.....''

''ကောင်းပါပြီခမည်းတော်....''

''အားကျိန်း......ဂရုစိုက်နော်......''

''ကလေးမဟုတ်တော့ပါဘူးခမည်းတော်ရ.....ဆိုင်းရက်စ်ကပြောတယ်......အရပ်ရှည်လာပြီတဲ့....မကြာခင် အကိုတော်တွေထက်ကိုအရပ်ရှည်လာတော့မှာ.......''

ထိုစကားကြားတဲ့အခါမင်းသား၃ကယပ်တောင် တချက်ခပ်လိုက်ပြီး

''ညီငယ်လေးက သိပ်ကိုဝံ့ကြွားတာဘဲ.....တကယ်မရှည်လာရင် သိပ်ရှက်ဖို့ကောင်းမှာဘဲနော်......''

''ဟွမ်......''

''ကျိန်းဝေ.....''

ထိုလေသံငြိမ်ငြိမ်ရဲ့ အာဏာက မင်းသား၇အပေါ်အလွန်သက်ရောက်လှပေသည်။

''အကိုတော်၃ ငါအရပ်ရှည်လာမှ......အကိုတော်၃ရဲ့ခေါင်းကိုခေါက်ဦးမယ်......''

''ရိုင်းစိုင်းလိုက်တာ.....သားတော်ရန်အာကမင်းထက် အသက်ကြီးတယ်ဆိုတာကိုမသိတာလား.....မသိချင်ယောင်ဆောင်တာလား...''

မိဖုရားဟွမ်က မင်းသား၇အား စတင် အပြစ်ဖွဲ့လေသည်။

''သားတော်ဟွမ်အာ......အဲ့ကိုရောက်ရင်....အဲ့လျိုမျိုးရိုးနဲ့ဝေးဝေးနေနော်.....''

မင်းသား၇ရဲ့ပျက်ယွင်းသွားတဲ့မျက်နှာကြောင့်မင်းကြီးက သည်းမခံတော့ပေ။

''မိဖုရားဟွမ်.....ငါကိုယ်တော်ကိုအရှေ့မှာထားပြီး ငါ့သားတော်တွေကိုသွေးခွဲနေတာလား......''

ထိုအခါ မိဖုရားဟွမ်ကပြာပြာသလဲဖြင့်

''မဟုတ်ပါဘူးမင်းကြီး.....ဒါပေမယ့်မင်းကြီးလည်းသိတဲ့အတိုင်း......မင်းသား၇ရဲ့ အနားမှာရှိသမျှလူတိုင်းက အန္တရာယ်.....''

''တိတ်စမ်း......''

မင်းကြီးအော်လိုက်မှ မိဖုရားဟွမ်ငြိမ်သွားလေသည်။

''ကျိန်းဝေကို အန္တရာယ်ရှိစေတယ်ဆိုတာကို သိရင် ကာကွယ်ပေးသင့်တယ်မဟုတ်လား......ကလေးကိုအပြစ်တင်ပြီး လူတိုင်းနဲ့ဝေးရာကိုတွန်းပို့တာက လုပ်ရပ်​ကောင်းတစ်ခုမဟုတ်ဘူး......''

The Secret Of Red Rose (Complete)Where stories live. Discover now