လုရန် လူနာအခန်းကိုတချက်ကြည့်လိုက်ကာ ရှရှ ဒီည သူမဆရာမကိုတယောက်တည်းထားခဲ့ဖို့စိတ်မချမှန်းသိတာကြောင့်
"အဲ့ဆို ကိုယ်ပြန်နှင့်တော့မယ်နော် အရမ်းလည်း စိတ်မပူပါနဲ့"လုရန် ရှရှ စိတ်ပူနေတာကို သိတာကြောင့် ဖြေးဖြေးလေးဖက်လိုက်ကာ နှစ်သိမ့်ပေးလိုက်သည်
နောက်ရက်တွေလည်း ရှရှ သုမ အလုပ်အားတာနဲ့ အရိုးဌာနကိုပြေးလာကာ သူမဆရာမကို လာလာကြည့်တာကြောင့် ဘေးကုတင်က လူနာတောင် သူမကို သမီးထင်နေသည်
ရှရှ ပါးစပ်ကနေ ဆရာမလို့ခေါ်သံကြားမှ သမီး မဟုတ်မှန်းသိကာ အရင်ကျောင်းသူဟောင်းက သားအရင်းထက်တောင်ပိုပီး ဂရုစိုက်လေသည်
ချန်ရှောင်ရှီးလည်း ဒီကြားထဲ တရက်ရောက်လာကာ ရန်ဆရာမ သူမရဲ့ ဗိုက်ကိုကြည့်ပီး အလုပ်ရှုပ်ခံပီးလာတာကြောင့် အပစ်တင်လေသည်
လုရန်လည်း သူအားတာနဲ့ ရန်ဆရာမကိုလာလာကြည့်ကာ ချန်ရှောင်ဆီကနေ အခြေအနေကိုအမြဲမေးလေ့ရှိသည်
"ရန်ဆရာမ"
လုရန် နွားနိုးတဖာသယ်လာကာ ရှရှကိုပေးလိုက်ပီးနောက် အကူအဒေါ်ကြီးကို တနေ့၂ဘူးတိုက်ပေးဖို့မှာလိုက်သည်"ကိုကို အလုပ်ပီးသွားပီလား"
ရှရှ ရန်ဆရာမ ကုတင်ကို အနည်းငယ်မြင့်ပေးလိုက်ကာ လုရန်ကိုမေးလိုက်သည်
"အွန်း တခါတည်း ရှရှကို ပြန်ဖို့လာကြိုတာ"
"သမီးတို့လည်း အလုပ်များနေတာကို နေ့တိုင်းကြီး ဆရာမကိုလာကြည့်စရာမလိုပါဘူး ဆရာမသက်သာနေပီ အထူးသဖြင့် ရှရှ အလုပ်ဆင်းတာနဲ့ ဆရာမဆီပြေးမလာနေနဲ့ ကောင်လေးနဲ့ ဒိတ်လေးဘာလေးလုပ်လေ"
ရန်ဆရာမ လုရန်ကို သဘောကျလေသည်
လိမ္မာယဉ်ကျေးတဲ့အပြင် ဆရာဝန်လည်းဖစ်ကာ ရှရှ အပေါ်အရမ်းဂရုစိုက်တာလည်းတွေ့ရသည်
"ရန်ဆရာမကလည်း သူက အမြန်ခွဲခန်းဝင်လိုက် လူနာကြည့်လိုက် ပီးတော့ အားရင်စာတမ်းရေးလိုက် ကြည့်လိုက်နဲ့ သမီးနဲ့ ချိန်းတွေ့ဖို့မအားပါဘူး"
ရှရှ ရန်ဆရာမဆီကို လုရန်ကို နောက်ကာ တိုင်သလိုပြောပီး ပြုံးနေလေသည်
YOU ARE READING
Dear uncle doctor🩺(Complete)
Romance*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...