လုရန် သူလှီးပီးသား steak ပန်းကန် ရှရှဘက်ကိုရွေ့ပေးနေတဲ့လက်ပင်ရပ်သွားလေသည်
💭သူဒါလည်းယုံတာပဲလား
"အကိုက သူရီးစားထားဖို့ အချိန်မရှိဘူးလို့ ရှရှကိုပြောတာမလား"
ရှောင်မင် လုရန်ကို တချက် ကြည့်ကာပြုံးလိုက်ပီးနောက်
"မမ အလယ်တန်းတုန်းက သူက အထက်တန်းလေ ကျောင်းသူတွေဆိုရင် မမကို ရီးစားစာပေးခိုင်းတာလေ တနှစ်လုံး မုန့်နဲ့အအေးနဲ့ဆို ပိုက်ဆံကုန်စရာကိုမလိုဘူး အလကားစားရတာ သူဘွဲ့ယူပီးတဲ့အထိကိုနော်"ရှရှ မယုံနိုင်တဲ့မျက်နှာမျိုးဖြင့် လုရန်ကိုလှည့်ကာကြည့်လိုက်သည်
"အော် အဲ့လိုလား"
လုရန် မျက်နှာ မှောင်ကုတ်သွားကာ
"ချွင်..ယွီ...မင်!!!"ရှရှ လုရန်ဒေါသထွက်ပေမယ့် မပြောနိုင်တော့တဲ့ပုံစံမျိုးကို ခုမှပထမဆုံးတွေ့ဖူးတော့သည်
ရှရှ အစကတည်းက ရှောင်မင်စကားကိုမယုံခဲ့ပါ သူမနောက်နေမှန်းသိပါသည်
"ကိုကိုကလည်း တော်ပီလေ ရှောင်မင်မမက ရီးစားစာပေးတယ်ပဲပြောတာလေ ကိုကို့မှာ ရီးစားအများကြီးရှိတယ်ပြောတာမှမဟုတ်တာ"
ရှောင်မင် အစကတည်းက သူမအကို ချေမှန်းသိတာကြောင့် သူမကိုပေးခိုင်းတဲ့ရီးစားစာအကုန်လုံးကိုလုရန်လက်ထဲမရောက်ခင်ဖြဲပစ်လိုက်တာချည်းပင်
မဟုတ်တဲ့ကိစ္စကြောင့် သူမအကိုကို စိတ်မညစ်စေချင်ပါ
လုရန် ခေါင်းကိုက်လာကာ ခေါင်းကိုခါလာပီးနောက်
"ရှရှ သူလျှောက်ပြောတာကိုမယုံနဲ့"
-
-
-
ညဘက်လည်းရောက်ရော ရှောင်မင်နဲ့ ရှရှ ဖုန်းထဲကနေ သူ့ငယ်ငယ်တုန်းကအကြောင်းတွေကို အတင်းပြောတော့တာကြောင့် လုရန်ပိုပီးခေါင်းကိုက်လာတော့သည်ရှရှက တော့ပျော်နေကာ
"မမက အရမ်းခင်ဖို့ကောင်းတာပဲ မမကပြောသေးတယ် နောက်ကျရင် ကိုကို့ငယ်ငယ်က ဓာတ်ပုံတွေရှာပီးပို့ပေးမယ်တဲ့""မင်းတို့ ကိုယ်မရှိတဲ့ခဏတုန်းမှာ WeChat တောင် addလိုက်တယ်ပေါ့"
YOU ARE READING
Dear uncle doctor🩺(Complete)
Romance*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...