Part-25(Zg)

345 3 0
                                    


"စုစုရေ...မေမေ ဈေးထဲခဏသွားလိုက်ဦးမယ်နော်။အိမ်မှာကောင်းကောင်းမွန်မွန်နေခဲ့ကြားလား"

"ဟုတ်ကဲ့ပါ မေမေရဲ့။မသိရင်သမီးကဘဲ ဆိုးသွမ်းနေတာကျလို့"

"ညည်းအကြောင်းကို ကျုပ်ကသိလွန်းလို့ ပြောနေရတာ။မတည့်တာတွေ လျှောက်လုပ်စားမနေနဲ့နော် စုစု။မေမေ သွားပြီ"

မေမေက စုစုကိုပြောပြီးတာနဲ့ ပိုက်ဆံအိတ်ကိုလက်မှာချိတ်ပြီး အိမ်အပြင်ကိုထွက်သွားတယ်။မေမေခြံအပြင်ရောက်တဲ့အထိ ရပ်ကြည့်နေပြီး မေမေ့အရိပ်လေးလုံးဝပျောက်ကွယ်သွားပြီဆိုတာသေချာမှ စုစုက Kitchenထဲပြေးဝင်ပြီး ခေါက်ဆွဲပြုတ်တယ်။အနံ့တထောင်းထောင်းထွက်နေတဲ့ ပင်လယ်စာခေါက်ဆွဲပြုတ်ကို အိမ်ရှေ့ယူလာပြီး စားဖို့ထိုင်လိုက်ပြီးမှ ခပ်သင်းသင်းအနံ့လေးကိုတစ်ဝကြီးရှူပစ်လိုက်တယ်။တုံယမ်းနံ့ခပ်သင်းသင်းက ဆာလောင်နေတဲ့ဗိုက်ကိုပိုပြီးနှိပ်စက်နေသလိုပင်။အရွက်၊အသား၊ပုစွန်နဲ့စုံလင်အောင်ထည့်ထားတဲ့ ခေါက်ဆွဲပြုတ်ဟာ စုစုအကြိုက်တွေထဲကတစ်ခု။တံတွေးကို အခါခါမြိုချနေရင်းကဆက်ပြီးသည်းမခံနိုင်တော့ပေ။အပီအပြင်ကိုစားတော့မည့်ဟန်နဲ့ စုစုကဆံပင်ကိုစည်းနှောင်လိုက်ပြီး ထုံးလိုက်တယ်။ဘယ်လောက်ဘဲစားချင်နေတယ်ဆိုပါဦး သူ့အစာအိမ်ကအစပ်ဒဏ်ကိုသိပ်တော့လည်းမခံနိုင်။ခေါင်းမဖော်ဘဲ စားနေတုန်းမှာ တစ်စတစ်စနီးကပ်လာတဲ့ခြေသံကြောင့် မော့ကြည့်လိုက်စဉ်မှာ အမျှင်အတန်းမပြတ်သေးတဲ့ ခေါက်ဆွဲမျှင်ဟာ သူ့ပါးစပ်ဖျားမှာ...

"စုစုလေး"

ကြည်လင်ပြတ်သားတဲ့အသံဟာ တင်းသည်လည်းမဟုတ်၊နူးညံ့သည်လည်းမဟုတ်။သိုပေမယ့် အဲဒီအမျိုးသားရဲ့မျက်နှာကတော့ ကြည်လင်မှုတွေအတိုင်းသား။

"ကိုကို"

ကိုကိုက စုစုကိုမာန်မဲသလို ခပ်စူးစူးလေးကြည့်ပြီး အနားမှာလာထိုင်တယ်။တစ်ဆက်တည်းမှာဘဲ တစ်ရှူးကိုထုတ်ပြီး သူ့နှုတ်ခမ်းကိုခပ်ဖွဖွသုတ်ပေးနေတဲ့အထိ သူမကတော့ကြောင်တောင်တောင်နဲ့ငေးနေမိတယ်။အမြဲတမ်းသူ့ကိုအသေးစိတ်ဂရုစိုက်တတ်တဲ့ကိုကိုက လူကြီးလူကောင်းပီသပြီး သိပ်ကိုခံ့ညားတယ်လို့ စုစုထင်တယ်။စုစုရည်းစားတွေအများကြီးမထားဖူးပေမယ့် အချစ်ဟာဘာလဲဆိုတာတော့သိတယ်။အဲဒါ ကိုကိုဘဲ။

You've reached the end of published parts.

⏰ Last updated: Feb 09 ⏰

Add this story to your Library to get notified about new parts!

My Mother's Ex Became My Beloved HubbyWhere stories live. Discover now